iPhone နဲ့ iPad ပေါ်က လူသိနည်းသေးတဲ့ Safari လုပ်ဆောင်ချက် (၁၀) ခု

iPhone နဲ့ iPad ပေါ်မှာ Haptic Touch လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Haptic Touch ဆိုတာ ဖုန်းမျက်နှာပြင်ပေါ်က app ကို ကြာကြာနှိပ်ထားရင် ပေါ်လာမယ့် လုပ်ဆောင်ချက်တွေရှိပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ iPhone တွေမှာ အဲဒီလုပ်ဆောင်ချက်ကို တိုးချဲ့ထည့်သွင်းထားပါတယ်။

ဒါကြောင့် Safari ကိုအသုံးပြုတဲ့အခါ Haptic Touch လုပ်ဆောင်ချက်နဲ့ အသုံးဝင်မယ့် အရာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ iOS 13 အသုံးပြုထားတဲ့ iPhone နဲ့iPad ပေါ်မှာ အခုဖော်ပြထားတဲ့ Safari feature တွေကိုအသုံးပြုနိုင်ပါတယ်။

(၁) Tab အမျိုးမျိုးကို bookmark လုပ်ခြင်း

သုံးစွဲသူက Safari မှာ tab အနည်းငယ်ဖွင့်ထားပါ။ အဲဒီ tab တွေထဲက တစ်ခုကို ရွေးချယ်ပြီး bookmark icon ကို ကြာကြာဖိနှိပ်ထားရပါမယ်။ မျက်နှာပြင်ပေါ်က popup menu မှာ Add to Reading List နဲ့ Add Bookmarks တို့ပါဝင်တဲ့ menu ကိုတွေ့ရပါမယ်။ ပုံထဲမှာ ပြထားတဲ့ option ကိုရွေးချယ်ရုံပါပဲ။

(၂) Bookmarks Folder အတွင်း လင့်ခ်တွေများစွာ ကူးခြင်း

Safari အတွင်းက bookmarks folder တစ်ခုကို ကြာကြာနှိပ်ထားရင် Copy Contents ဆိုတာကို menu မှာ တွေ့ရပါမယ်။ အဲဒါကိုရွေးချယ်ပြီး အလွယ်တကူဝေမျှဖို့ paste လုပ်နိုင်ပါတယ်။

(၃) ဝက်ဘ်ဆိုက်စာမျက်နှာတွေကို မြန်ဆန်စွာ scroll လုပ်ခြင်း

ဝက်ဘ်ဆိုက်ကို မြန်ဆန်စွာ ကြည့်နိုင်ဖိုပ Safari ညာဘက်က scroll bar တစ်ခုကို swipe လုပ်ရပါမယ်။ တကယ်လို့ content တွေက ရှည်လျားတယ်ဆိုရင်တော့ scroll bar ကြာကြာနှိပ်ထားရပါမယ်။

(၄) Tab တွေအားလုံးကို ပိတ်ခြင်း

Safari မှာ tab တွေအားလုံးကို ပိတ်ချင်ရင်တော့ ညာဘက်အောက်ခြေမှာ Tabs icon ကိုဖိနှိပ်ထားတဲ့အခါ Close All Tabs ကိုတွေ့ရပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို နှိပ်ပါ။

တကယ်လို့ vertical tabs view ဆိုရင်တော့ Done ဆိုတဲ့ခလုတ်ကို ကြာကြာဖိနှိပ်ထားပါတယ်။ iOS 13 မှာတော့ Safari က tab တွေကို အချိန်အတိုင်းအတာတစ်ခုအရောက် ကိုယ်စားပိတ်ပေးနိုင်ဖို့ Settings ထဲက Safar > Close Tabs ကိုရွေးချယ်ပြီး နှစ်သက်ရာကို ရွေးနိုင်ပါတယ်။

(၅) ပိတ်လိုက်တဲ့ tab ကို ပြန်ခေါ်ခြင်း

Safari အတွင်းမှာ မတော်တဆပိတ်မိသွားတဲ့ tab ကို ပြန်ဖွင့်မယ်ဆိုရင် + ပုံစံ icon ကို ကြာကြာဖိနှိပ်ပါတယ်။ အဲဒီအခါမှာ ပိတ်လိုက်တဲ့ tab တွေကိုရွေးချယ်ပြီး ဖွင့်နိုင်တဲ့ option ကိုမြင့်ရပါမယ်။

(၆) New Tabs ရဲ့ folder အတွင်းက bookmark တွေကို ဖွင့်ခြင်း

အခု လုပ်ဆောင်ချက်ကတော့ bookmaks folder ကို ကြာကြာဖိနှိပ်ထားရင် Open in New Tabs ဆိုတာကို တွေ့မှာပါ။ အဲဒီ option ကိုရွေးချယ်ပြီး သီးခြား tab အတွင်းက folder ကအရာအားလုံးကို ဖွင့်နိုင်ပါတယ်။

(၇) Favorite Site ဒါမှမဟုတ် Hyperlin ကိုကြည့်ခြင်း

Safari မှာ ဝက်ဘ်ဆိုက်စာမျက်နှာထဲက hyperlink ကို preview ကြည့်နိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို Favorites ဒါမှမဟုတ် Fequently Visited sites မှာအသုံးပြုနိုင်ပါတယ်။ Favorites ထဲမှာ ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်တွေကို ကြာကြာဖိနှိပ်ထားရင် ဝက်ဘ်ဆိုက် preview ကိုမြင်ရပါမယ်။

(၈) Safari Window တွေကို ပေါင်းစပ်ခြင်း

iPad သုံးစွဲသူတွေ အသုံးပြုနိုင်မယ့် feature စြဖ်ပါတယ်။ နောက်ကွယ်မှာ window အမျိုးမျိုးကို ပေါင်းစပ်နိုင်ပါတယ်။ သုံးစွဲသူက ညာဘက်အပေါ်ဘက်က Tabs icon ကို ဖိထားလိုက်ရင် Merge All Windows ကိုမြင်ရပါမယ်။

(၉) ဖိုင်ကို download လုပ်ခြင်း

အခုဆိုရင် Safari မှာ Downloads Manager ပါဝင်လာပြီး hyperlink ကနေ ဖိုင်တွေတိုက်ရိုက် download လုပ်နို်ငပါတယ်။ သုံးစွဲသူက ချိတ်ဆက်ထားတဲ့ ဖိုင်ကို ဖိနှိပ်ပြီး ပေါ်လာတဲ့ menu ထဲက Download Linked File ကိုရွေးချယ်ရုံပါပဲ။

ဝက်ဘ်စာမျက်နှာကို HTML ဗားရှင်းနဲ့ download လုပ်နိုင်ဖို့ ဆောင်းပါးခေါင်းစဉ်ကို ကြာကြာဖိနှိပ်ထားဖို့ လိုပါတယ်။

(၁၀) Tab Control Panel ကိုအသုံးပြုခြင်း

iPad မှာပဲ အသုံးပြုနိုင်တဲ့ feature ဖြစ်ပါတယ်။ သုံးစွဲသူက panel ထဲမှာ Tab တွေက URL တွေကို ကူးယူတာ၊ အခြား tab တွေကိုလည်း ပိတ်နိုင်ပြီး Arrange Tabs By Title ဒါမှမဟုတ် Arrange Tabs By Website လိုမျိုး feature အသစ်တွေလည်း ပါဝင်လာပါတယ်။

စိုးထက်
Ref: MacRumors