iPhone နဲ့ iPad ပေါ်က လူသိနည်းတဲ့ feature များ

Apple ရဲ့အသစ်ဖြန့်ချိလိုက်တဲ့ iOS 13.4 နဲ့ iPad OS 13.4 မှာ feature သစ်တွေပါဝင်လာပါတယ်။ အဲဒီ feature သစ်တွေထဲမှာ iCloud folder sharing, Dropbox လိုပုံစံမျိုးနဲ့ အသုံးပြုနိုင်တဲ့ Apple Storage တို့ ပါဝင်လာပါတယ်။ အဲဒီ feature တွေကို iPhone, iPad နဲ့ Mac မှာအသုံးပြုနိုင်ပါတယ်။

ဒါပေမဲ့ iOS 13 မှာ လူသိနည်း feature များစွာထဲမှာ အသံအတိုးအကျယ်ကို ထိန်းချုပ်နိုင်တဲ့ voice search ကနေ AirPod ပိုင်ရှင်တွေအတွက် Audio Sharing တွေလည်းပါဝင်လာပါတယ်။

(၁) ဘက်ထရီကိုချိန်ညှိခြင်း

ညအခါမှာ အားသွင်းတဲ့အခါ သင့်ဖုန်းရဲ့ ဘက်ထရီ ၈၀ ရာခိုင်နှုန်းကို သွင်းပေးထားပြီး alarm မမြည်ခင်မှာ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို သွင်းဖို့ စေခိုင်းနိုင်ပါတယ်။ အဲဒီ feature ကိုအသုံးပြုမယ်ဆိုရင် Settings> Battery> Battery Health ကိုဖွင့်လိုက်ပါ။

(၂) Scroll Bar အသစ်ကို အသုံးပြုပါ

Safari မှာဝက်ဘ်စာမျက်နှာကို scrool လုပ်မယ်ဆိုရင် မျက်နှာပြင်ညာဘက်မှာ Scroll Bar အသစ်ကို ပြပါမယ်။ အဲဒီ scroll bar အသစ်က မြန်ဆန်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။

(၃) Files app မှာ စာရွက်စာတမ်းကို scan လုပ်ပါ

ဒီဇိုင်းပြင်ဆင်ထားတဲ့ Files app မှာစာရွက်စာတမ်းတွေကို တိုက်ရိုက် scan လုပ်နိုင်ပါတယ်။ Files ‌app ကို ဖွင့်လိုက်ပြီး Browse tab ကိုရွေးချယ်ပါ။ ညဘက်ထိပ်ဆုံးက အစက် ၃ စက်ကို နှိပ်လိုက်ရင် Scan Documents ကို မြင်တွေ့ရပါမယ်။ သုံးစွဲသူကိုယ်တိုင် scan လုပ်လိုတဲ့ စာရွက်စာတမ်းကို အလိုအလျောက် ဖမ်းယူပေးသွားပါမယ်။

(၄) iMessage search

iMessage app မှာပါဝင်တဲ့ search ရှာဖွေမှုကမှာ စကားလုံး ဒါမှမဟုတ် စကားစုတစ်ခုကို ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။

(၅) iPhone ကိုအသံနဲ့ ရှာဖွေခြင်း

Apple ရဲ့ကိုယ်ပိုင် app တွေမှာ search bar တစ်ခုကို တွေ့ပါလိမ့်မယ်။ အဲဒီ search ဘားမှာ မိုက်ကရိုဖုန်း icon ကိုလည်းမြင်တွေ့ရပါမယ်။ အဲဒီ လုပ်ဆောင်ချက်ကတော့ ရှာဖွေမှုတွေကို အသံနဲ့ပြုလုပ်နိုင်အောင် ထောက်ပံ့ထားပါတယ်။

(၆) တည်နေရာအချက်အလက်

သုံးစွဲသူက Photos ကနေ ဓာတ်ပုံတစ်ပုံနဲ့အတူ တည်နေရာအချက်အလက်ကို ဝေမျှနိုင်ပါတယ်။ Photos app ထဲမှာ ဝေမျှလိုတဲ့ ဓာတ်ပုံကို ရွေးချယ်လိုက်ရင် Options ကိုတွေ့ရပါမယ်။ အဲဒီမှာ Include ကဏ္ဍအောက်က Locatiion ကိုပိတ်နိုင်သလို တည်နေရာအချက်အလက် ဝေမျှမယ်ဆိုရင်တော့ ဖွင့်ပေးဖို့ လိုပါတယ်။

(၇) iCloud photo sharing

သုံးစွဲသူမှာ ဓာတ်ပုံတွေ ဒါမှမဟုတ် ဗီဒီယိုရှည်တွေကို Apple က iCloud ဆီ အလိုအလျောက် ဝေမျှပေးပြီး လူအများနဲ့ ဝေမျှနိုင်တဲ့ လင့်ခ်ကို ဖန်တီးပေးပါတယ်။

(၈) Volume အညွှန်းခလုတ်အသစ်

Apple က iOS သုံးစွဲသူတွေ မျှော်လင့်နေတဲ့ volume အညွှန်းခလုတ်ကို ပြောင်းလဲခဲ့ပါတယ်။ မျက်နှာပြင်ဘေးဘက်မှာ ပေါ်လာတဲ့ volume အညွှန်းက ပါးလွှာ၊ သေးငယ်သွားပါတယ်။

(၉) Dual SIM ထောက်ပံ့မှုပါဝင်တဲ့ iMessage နဲ့ FaceTime

iMessage နဲ့ FaceTime အသုံးပြုမှာ ဒုတိယဖုန်းနံပါတ် ထောက်ပံ့မှု ပါဝင်လာတာကြောင့် SIM ကတ်၂ ခု အသုံးပြုတဲ့ လုပ်ငန်းပိုင်းနဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာသူတွေ နှစ်သက်ကြမှာ ဖြစ်ပါတယ်။ Apple က iPhone XS, iPhone XS Max မိတ်ဆက်မှုနဲ့ Dual SIM ထောက်ပံ့မှုကို ထည့်သွင်းခဲ့ပါတယ်။ iOS 13 မတိုင်ခင်က သုံးစွဲသူတွေက iMessage နဲ့ FaceTime အတွက် ဖုန်းနံပါတ် ၁ ခုထဲကို အသုံးပြုနိုင်ပါတယ်။

(၁၀) Update ကနေ app တွေကို ဖျက်ပစ်နိုင်

iOS 13 ဒါမှမဟုတ် iPadOS မှာ Updates စာရင်းထဲမှာ အသုံးမလိုတဲ့ app တွေကို အလွယ်တကူ တွေ့ပြီး ဖျက်ပစ်နိုင်ပါတယ်။ သုံးစွဲသူက ဘယ်ဘက်ကို swip လုပ်ပြီး Delete ကိုနှိပ်ရုံပါပဲ။

(၁၁) iPad မှာ mouse ကိုအသုံးပြုခြင်း

iPadOS 13.4 မှာ mouse ဒါမှမဟုတ် trackpad ကိုအသုံးပြုနိုင်ပါတယ်။ Apple က နောက်ဆုံး update မှာ ထောက်ပံ့ပေးထားပါတယ်။ Bluetooth settings ထဲမှာ iPad ကို mouse ဒါမှမဟုတ် trackpad နဲ့ ချိတ်ဆက်နိုင်ပါတယ်။ Settings> General> Mouse/Trackpad ထဲမှာ လုပ်ဆောင်နိုင်ပါတယ်။

(၁၂) ဖုန်းလိုင်းနဲ့ ‌app ကို download လုပ်ခြင်း

Apple ဟာ App Store download ကန့်သတ်မှုကို ဖယ်ရှားနိုင်မယ့် option ကိုပေးလိုက်ပါတယ်။ ဒါကြောင့် သုံးစွဲသူက ဆယ်လူလာ data နဲ့ app အရွယ်မျိုးစုံကို download လုပ်နိုင်ပါမယ်။ Settings> iTunes & App Store> App Downloads မှာ 200MB ကျော်တဲ့ ‌app တွေ download လုပ်နိုင်အောင် ပြင်ဆင်ပေးရပါမယ်။

(၁၃) Safari မှာ download manager ပါဝင်လာ

iPhone ဒါမှမဟုတ် iPad မှာ Safari ကိုအသုံးပြုတဲ့အခါ ဖိုင်တွေကို download လုပ်နိုင်ပြီဖြစ်ပါတယ်။ Safari မှာ ဖိုင်တွေကို download လုပ်လိုက်ရင် Download manager ‌ပေါ်လာပါမယ်။ ဖိုင်တွေက iCloud Drive account ထဲက Downloads folder ထဲရောက်သွားပါမယ်။

(၁၄) ဝက်ဘ်ဆိုက်တွေအတွက် screeshot များ

iOS 13 ရဲ့ screenshot tool မှာ လုပ်ဆောင်ချက်အသစ်တစ်ခု ပါဝင်လာပါတယ်။ Safari ကိုဖွင့်လိုက်ပြီး ဝက်ဘ်ဆိုက်တစ်ခုကို screenshot လုပ်လိုက်ရင် thumbnail preview ကိုကြည့်နိုင်ပါတယ်။ အပေါ်ဘက်မှာ Screen နဲ့ Full Page ဆိုတာကို မြင်ရပါမယ်။ အဲဒီမှာ Full Page ကတော့ အတော်အတန်ရှည်လျားတဲ့ screenshot ကိုဖမ်းယူပေးပါတယ်။

အဲဒီ feature ကိုတော့ Safari, Pages, Numbers, Keynote, Mail ဒါမှမဟုတ် Apple Maps မှာသုံးနိုင်ပါတယ်။

စိုးထက်
Ref: CNET