iPhone နဲ့ iPad တွေမှာ VPN စနစ်ကို ဘယ်လိုသုံးမလဲ

Apple က VPN စနစ်ကို အလွယ်တကူ အသုံးပြုနိုင်အောင် iOS မှာ ထည့်သွင်းပေးထားပါတယ်။ iOS မှာ VPN နဲ့ပတ်သက်ပြီး L2TP, PPTP နဲ့ IPSec စနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ VPN စနစ်ဆိုတာက မိမိ အနေနဲ့ အများသုံး WiFi တွေကိုသုံး တဲ့အခါမှာ တချို့ဆိုက်တွေကို မိမိရဲ့ တည်နေရာအရ အသုံးမပြုနိုင်ပါဘူး။ အဲလိုမျိုး အခြေအနေတွေမှာ VPN စနစ်ကို သုံးပြီးတော့ နိုင်ငံဖြတ်ကျော် အနေနဲ့ အသုံးပြုနိုင်ပါတယ်။ မိမိအနေနဲ့လည်း VPN စနစ်သုံးပြီး မိမိ အင်တာနက် အသုံးပြုနေတဲ့ တည်နေရာကို သူများမသိအောင်လည်း လုပ်ထားနိုင်ပါတယ်။

အရင်ဆုံး VPN ဝန်ဆောင်မှုကို အသုံးပြုဖို့အတွက် မိမိရဲ့ iPhone ဒါမှမဟုတ် iPad မှာ NordVPN, IPVanish, TunnelBear, ExpressVPN စတဲ့ app တစ်ခုခု ကို ဖုန်းထဲ install လုပ်ပြီး အကောင့်တစ်ခု sign up လုပ်လိုက်ပါ။ sign up လုပ်ပြီးရင်တော့ ဖုန်းမှာ Allow လုပ်ပေးဖို့ ပြောရင် ခွင့်ပြုပေးလိုက်ပါ။ ပြီးရင်တော့ VPN settings ကို ပြင်ဆင်ဖို့အ တွက် ခွင့်ပြုချက်နဲ့ passcode တောင်းပါလိမ့်မယ်။ ထည့်ပေးပါ။

အားလုံးပြီးရင်တော့ ဖုန်းထဲက Setting ကိုဖွင့်ပါ။ General စနစ်ထဲကိုဝင်ပြီး VPN ကို ထပ်နှိပ်ပါ။

ပြီးရင်တော့ မိမိအနေနဲ့ အသုံးပြုချင်တဲ့ VPN စနစ်ကို ရွေးပါ။ ပြီးရင် Status ဆိုတဲ့ စာသားဘေးက ခလုတ်လေးကို ဖွင့်ပေးလိုက် ပါ။

မိမိအနေနဲ့ VPN စနစ်ကို သုံးပြီးရင်တော့ အပေါ်က ဖွင့်ပေးခဲ့တဲ့ ခလုတ်လေးကို ပြန်ပိတ်ပေးရမှာ ဖြစ်ပါတယ်။

မိမိထည့်သွင်းထားတဲ့ VPN app ကို မသုံးခင် ဖုန်းရဲ့ Settings ထဲမှာ ပြင်ဆင်ထားသင့်တဲ့ပုံစံကို ဆက်ပြီး ဖော်ပြပေးပါမယ်။ ဖုန်းရဲ့ Settings ကို ဖွင့်ပြီး General ထဲကိုပဲ ထပ်သွားလိုက်ပါ။

VPN ဆိုတာကို နှိပ်ပါ။ ပြီးရင်တော့ Add VPN Configuration ဆိုတာကို ထပ်နှိပ်ပါ။

Add VPN Configuration ထဲကိုရောက်ရင်တော့ Type ဆိုတဲ့ စာသားကို ထပ်နှိပ်ပါ။ ပြီးရင်တော့ IKEv2, IPSec, L2TP စတဲ့ VPN စနစ်တွေထဲက တစ်ခုကိုရွေးပါ။

ရွေးပြီးရင်တော့ VPN settings information ထဲမှာ description, server နဲ့ remote ID ဆိုတဲ့နေရာမှာ အချက် အလက်တွေ ထည့်ပေးပါ။ Authentication Login ထဲမှာ မိမိ အသုံးပြုမယ့် Username နဲ့ password တွေကို ထည့်ပေးပါ။ အဲလိုထည့်ပြီးရင်တော့ PROXY ဆိုတဲ့အပိုင်းမှာ Manual နဲ့ Auto ဆိုတာကို မိမိစိတ်ကြိုက်ရွေးချယ် လိုက်ပါ။

ပြီးရင်တော့ ညာဘက်အပေါ်ထောင့်နားက Done ဆိုတာနှိပ်ပါ။ ဒါဆိုရင်တော့ VPN စနစ်ကို ပြင်ဆင်တာပြီးပါပြီ။ မိမိအနေနဲ့ Status ဆိုတဲ့ဘေးနားက ခလုတ်ကို ဖွင့်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါ တယ်။

– ရဲထွဋ်ဝင်း