iPhone နဲ့ Apple Watch ကြိုးမဲ့အားသွင်းနိုင်တဲ့ MacBook ကို Apple မူပိုင်ခွင့်တင်

Apple ဟာ ထုတ်ကုန်တွေကို နည်းလမ်း ၂ မျိုးသုံးပြီးအားသွင်းနိုင်တဲ့ ကြိုးမဲ့အားသွင်းစနစ် မူပိုင်ခွင့် ၂ ခု ရရှိခဲ့ပါတယ်။ အဲဒီ မူပိုင်ခွင့်တွေကို Patently Apple က စတွေ့ခဲ့ပါတယ်။ မူပိုင်ခွင့် ပုံတွေအရ MacBook ဟာ iPhone, iPad နဲ့ Apple Watch တွေကို အားသွင်းနိုင်သလို iPad နဲ့ iPhone တို့ကလည်း ထုတ်ကုန်တွေကို အားသွင်းပေးတာကို တွေ့ရပါတယ်။

အဲဒီနည်းပညာက လူတွေနဲ့ မစိမ်းပါဘူး။ အခြားဖုန်းထုတ်လုပ်သူတွေက reverse ကြိုးမဲ့အားသွင်းနည်းပညာပါတဲ့ ဖုန်းတွေကို ထုတ်လုပ်ထားကြပါတယ်။ Apple ကတော့ ဈေးကွက်ထဲက ထုတ်ကုန်တွေနဲ့ မတူဘဲ MacBook အဖုံး၊ trackpad ပေါ်မှာ ကြိုးမဲ့အားသွင်းနိုင်အောင် ပြုလုပ်ထားတာကို မူပိုင်ခွင့်ပုံထဲမှာ တွေ့ရပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««