iPhone နဲ့ကားစက်နှိုးနိုင်မယ့် feature iOS 13.4 beta မှာပါဝင်

Apple ဟာ developer တွေအတွက် iOS 13.4 အတွက် ပထမဆုံး beta ဗားရှင်းကို ဖြန့်ချိလိုက်ပါတယ်။ iOS 13.4 beta ဗားရှင်းမှာ iPhone ကိုကားသော့အဖြစ် အသုံးပြုနိုင်မယ့် feature သစ်ပါဝင်လာပါတယ်။

iOS 13.4 အတွင်း ‘CarKey’ API ပါဝင်လာသလို Apple Watch နဲ့ကားအဖွင့်၊ အပိတ်အပြင် စက်နှိုးနိုင်ပါမယ်။ iOS 13.4 beta ရဲ့အတွင်းပိုင်း ဖိုင်တွေအရ NFC ပါဝင်တဲ့ကားတွေနဲ့ CarKey ကိုအသုံးပြုနိုင်ပြီး ဖုန်းနဲ့ Apple Watch ကို ကားအနီးအနား သော့အဖြစ် အသုံးပြုနိုင်ပါမယ်။အဲဒီ feature ကို FaceID နဲ့အတည်ပြုစရာမလိုပါဘူး။ အခု feature ကို ဘက်ထရီကုန်သွားတဲ့အခါ iPhone ဒါမှမဟုတ် Apple Watch နဲ့သုံးစွဲနိုင်ပါမယ်။

CarKey အတွက် pair လုပ်ငန်စဉ်ကို Wallet app ကတစ်ဆင့် ပြုလုပ်ရပါမယ်။ ဒါပေမဲ့ ကားထုတ်လုပ်သူရဲ့ app နဲ့လည်း setup လုပ်ဖို့လိုအပ်ပါတယ်။ သုံးစွဲသူက စတင်တဲ့လုပ်ငန်းစဉ်းအတွင်း အတွင်းက NFC reader မှာ iPhone ကိုတင်ထားရပါမယ်။ ပြီးရင်တော့ ကားသော့ကို Apple Watch ထဲအလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။

CarKey ကိုမိသားစုဝင်တွေနဲ့လည်း ဝေမျှနိုင်ပါတယ်။ ယာဉ်မောင်းက Wallet app ကနေ တစ်ဆင့် မိသားစုဝင်တွေကို ဖိတ်ခေါ်ပြီး ကိုယ်ပိုင် Apple ထုတ်ကုန်ပေါ်မှာ ကားသော့အဖြစ် အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: 9to5Mac