iPhone ဒီဇိုင္နာ Apple ကေနထြက္ခြာၿပီး သီးသန္႔ဒီဇိုင္းကုမၸဏီ တည္ေထာင္

[ Zawgyi ]

Apple ရဲ႕ဒီဇိုင္းအႀကီးအကဲအရာရွိ ဂ်ိဳနီအိုင္ဗ္ဟာ ႏွစ္၂၀ၾကာ လုပ္ကုိင္အၿပီး ကုမၸဏီကေန ႏုတ္ထြက္လိုက္ကာ ကုိယ္ပုိင္ ဒီဇိုင္းကုမၸဏီ တည္ေထာင္သြားမယ္လို႔ သိရပါတယ္။ ဂ်ိဳနီအိုင္ဗ္ရဲ႕ ဒီဇိုင္းကုမၸဏီသစ္အတြက္ ပထမဆုံး ေဖာက္သည္ကေတာ့ Apple ျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ိဳနီအိုင္ဗ္အေနနဲ႔ ကုမၸဏီကေန ဝန္ထမ္းအျဖစ္ႏုတ္ထြက္ၿပီး ကုိယ္ပုိင္ သီးသန္႔ဒီဇိုင္းကုမၸဏီ တည္ေထာင္မယ္ လို႔ Apple ကထုတ္ျပန္ခဲ့ပါတယ္။ Apple ဟာဂ်ိဳနီအိုင္ဗ္ရဲ႕ ကုမၸဏီသစ္ရဲ႕ အဓိကေဖာက္သည္တစ္ဦး ျဖစ္လာမွာပါ။ အိုင္ဗ္ရဲ႕ ဒီဇိုင္းကုမၸဏီအမည္က LoveFrom ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ အျပည့္အဝ တည္ေထာင္ၿပီးသားျဖစ္မယ္လို႔ သိရပါတယ္။

ဂ်ိဳနီအိုင္ဗ္အေနနဲ႔ ကုမၸဏီက ထြက္ခြာသြားေပမယ့္လည္း အနာဂတ္မွာ Apple နဲ႔အတူ ပါဝင္ပတ္သက္မယ္လို႔ Financial Times နဲ႔အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။
“ကၽြန္ေတာ့္အေနနဲ႔ Apple ဝန္ထမ္းမဟုတ္ေတာ့ေပမယ့္ ဆက္လက္ပါဝင္ေနဦးမွာပါ။ လာမယ့္ႏွစ္ေပါင္းမ်ားစြာ အတြင္း ဆက္လက္ပါဝင္ေနဖို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ထားပါတယ္။ အခုအခ်ိန္ဟာ အေျပာင္းအလဲလုပ္ဖို႔ သဘာဝအက်ဆုံးနဲ႔ အညင္သာဆုံးျဖစ္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ဂ်ိဳနီအိုင္ဗ္အေနနဲ႔ Apple ကထြက္ခြာသြားတာေၾကာင့္ စက္မႈဒီဇိုင္း ဒုဥကၠ႒ျဖစ္သူ အီဗန္ဟန္ကီနဲ႔ လူသား interface ဒီဇိုင္း ဒုဥကၠ႒ျဖစ္တဲ့ အလန္ဒိုင္ အပါအဝင္ Apple ဒီဇိုင္းအဖြဲ႕ေခါင္းေဆာင္တို႔က လုပ္ငန္းပုိင္းအႀကီးအကဲအရာရွိ ဂ်က္ဖ္ဝီလီယံဆီ သတင္းေပးပုိ႔ၾကရပါမယ္။ “ဝီလီယံအေနနဲ႔ Apple Watch ဖန္တီးမႈ ဦးေဆာင္မႈေပးခဲ့ၿပီး စတူဒီယိုထဲမွာ ဒီဇိုင္းအဖြဲ႕နဲ႔အတူ အခ်ိန္မ်ားစြာ အသုံးခ်သြားမယ္” လို႔ Apple ကထုတ္ျပန္ခဲ့ပါတယ္။

Apple အေနနဲ႔ အရင္ဒီဇိုင္းအဖြဲ႕ကုိ ျပန္လည္အသုံးျပဳမွာျဖစ္ေပမယ့္ အုိင္ဗ္နဲ႔ ပူးေပါင္းလုပ္ကုိင္မယ္လို႔ တင္မ္ကြတ္ခ္ကေျပာခဲ့ပါတယ္။

စိုးထက္
Ref: 9to5Mac

[ Unicode ]

Apple ရဲ့ဒီဇိုင်းအကြီးအကဲအရာရှိ ဂျိုနီအိုင်ဗ်ဟာ နှစ်၂၀ကြာ လုပ်ကိုင်အပြီး ကုမ္ပဏီကနေ နုတ်ထွက်လိုက်ကာ ကိုယ်ပိုင် ဒီဇိုင်းကုမ္ပဏီတည်ထောင်သွားမယ်လို့ သိရပါတယ်။ ဂျိုနီအိုင်ဗ်ရဲ့ဒီဇိုင်းကုမ္ပဏီသစ်အတွက် ပထမဆုံး ဖောက်သည်ကတော့ Apple ဖြစ်တယ်လို့ သိရပါတယ်။

ဂျိုနီအိုင်ဗ်အနေနဲ့ ကုမ္ပဏီကနေ ဝန်ထမ်းအဖြစ်နုတ်ထွက်ပြီး ကိုယ်ပိုင် သီးသန့်ဒီဇိုင်းကုမ္ပဏီ တည်ထောင်မယ် လို့ Apple ကထုတ်ပြန်ခဲ့ပါတယ်။ Apple ဟာဂျိုနီအိုင်ဗ်ရဲ့ ကုမ္ပဏီသစ်ရဲ့ အဓိကဖောက်သည်တစ်ဦး ဖြစ်လာမှာပါ။ အိုင်ဗ်ရဲ့ ဒီဇိုင်းကုမ္ပဏီအမည်က LoveFrom ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အပြည့်အဝ တည်ထောင်ပြီးသားဖြစ်မယ်လို့ သိရပါတယ်။

ဂျိုနီအိုင်ဗ်အနေနဲ့ ကုမ္ပဏီက ထွက်ခွာသွားပေမယ့်လည်း အနာဂတ်မှာ Apple နဲ့အတူ ပါဝင်ပတ်သက်မယ်လို့ Financial Times နဲ့အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ Apple ဝန်ထမ်းမဟုတ်တော့ပေမယ့် ဆက်လက်ပါဝင်နေဦးမှာပါ။ လာမယ့်နှစ်ပေါင်းများစွာ အတွင်း ဆက်လက်ပါဝင်နေဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ အခုအချိန်ဟာ အပြောင်းအလဲလုပ်ဖို့ သဘာဝအကျဆုံးနဲ့ အညင်သာဆုံးဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဂျိုနီအိုင်ဗ်အနေနဲ့ Apple ကထွက်ခွာသွားတာကြောင့် စက်မှုဒီဇိုင်း ဒုဥက္ကဋ္ဌဖြစ်သူ အီဗန်ဟန်ကီနဲ့ လူသား interface ဒီဇိုင်း ဒုဥက္ကဋ္ဌဖြစ်တဲ့ အလန်ဒိုင် အပါအဝင် Apple ဒီဇိုင်းအဖွဲ့ခေါင်းဆောင်တို့က လုပ်ငန်းပိုင်းအကြီးအကဲအရာရှိ ဂျက်ဖ်ဝီလီယံဆီ သတင်းပေးပို့ကြရပါမယ်။ “ဝီလီယံအနေနဲ့ Apple Watch ဖန်တီးမှု ဦးဆောင်မှုပေးခဲ့ပြီး စတူဒီယိုထဲမှာ ဒီဇိုင်းအဖွဲ့နဲ့အတူ အချိန်များစွာ အသုံးချသွားမယ်” လို့ Apple ကထုတ်ပြန်ခဲ့ပါတယ်။

Apple အနေနဲ့ အရင်ဒီဇိုင်းအဖွဲ့ကို ပြန်လည်အသုံးပြုမှာဖြစ်ပေမယ့် အိုင်ဗ်နဲ့ ပူးပေါင်းလုပ်ကိုင်မယ်လို့ တင်မ်ကွတ်ခ်ကပြောခဲ့ပါတယ်။

Ref: 9to5Mac