iPhone က Voice Memo အသံဖိုင်ကို ဘယ်လိုရယူမလဲ

iPhone မှ Built-in ပါဝင်လာတဲ့ Voice Memo နဲ့ ဖမ်းယူထားတဲ့ အသံဖိုင်တွေကို iPhone ကနေ ကွန်ပျူတာထံ ရွှေ့ပြောင်းချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ Voice Memo နဲ့ ဖမ်းယူထားတဲ့အသံဖိုင်တွေကို အခြား device တွေမှာ အသုံးပြုနိုင်အောင် ဝေမျှဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။

ပြုလုပ်ရမယ့် နည်းလမ်းကတော့ iTunes ကိုဖွင့်ပါ။ Device ကို အပေါ်ဘက် ဘားမှာ ရွေးချယ်ပေးရပါမယ်။ Device ကိုရွေးချယ်ပြီးရင် Music ဆိုတဲ့နေရာကိုရွေးချယ်ပါ။ အပေါ်ဘက်မှာရှိတဲ့ Sync Music ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပါ။ ညာဘက်ဘောင်ကွက်ထဲမှာ Include Voice Memo ဆိုတာကို အမှန်ခြစ်ထည့်ပေးရပါမယ်။

ပြီးသွားရင် အောက်ဘက်နားမှာရှိတဲ့ Sync ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် iTunes ရဲ့ ဘယ်ဘက်အခြမ်း ဘောင်ကွက်ထဲရဲ့အောက်ခြေနားမှာ Voice Memos ဆိုတာကိုတွေ့ရပါမယ်။

အဆိုပါ Record file ကို ယူဖို့အတွက် PC မှာဆိုရင် C:\Users\(your username)\Music\iTunes\iTunes Media\Voice Memos ဆိုတဲ့လမ်းကြောင်းအတိုင်းသွားပြီး Copy ကူးယူက အခြားနေရာမှာ သိမ်းဆည်းထားနိုင်ပါတယ်။

အကယ်လို့ Mac OS အသုံးပြုတဲ့ ကွန်ပျူတာမှာဆိုရင် Macintosh HD > Users > (your username) > Music > iTunes > iTunes Media > Voice Memos ဆိုတဲ့လမ်းကြောင်းအတိုင်းသွားရပါမယ်။ Voice Memos ဆိုတဲ့ အောက်မှာမှ recorded ပြုလုပ်ထားတဲ့ အသံဖိုင်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။

Ref: idownloadblog