
လူတော်တော်များများက ဖုန်းမပျောက်ခင်အချိန်အထိ ဖုန်းထဲက အချက်အလက်တွေကို back up လုပ်ဖို့ သိပ်မတွေးမိကြပါဘူး။ သုံးစွဲသူတွေအနေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် ဖုန်းပျောက်တာ၊ ဖုန်းပျက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဖုန်းထက် သုံးစွဲသူအချက်အလက်တွေက ပိုမိုအရေးကြီးတာကြောင့် back up လုပ်ထားသင့်ပါတယ်။ အောက်မှာတော့ iPhone အတွက် အချက်အလက်တွေ back up လုပ်ပေးနိုင်တဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
Google Photos
Google Photos ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ သိမ်းဆည်းပေးနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ App ကိုဖုန်းမှာ install လုပ်ပြီး Google account နဲ့ချိတ်ဆက်ကာ ကိုယ်ပိုင်ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို သိမ်းဆည်းနိုင်ပါတယ်။ Google Photos က Live Photo ကိုလည်းသိမ်းဆည်းပေးပါတယ်။ ဒါ့အပြင် သိမ်းဆည်းထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေအတွက် “memories” ကိုလည်း ဖန်တီးပေးပါတယ်။
Amazon Photos
သုံးစွဲသူက Amazon Prime ကို လစဉ်ကြေးအသုံးပြုသူဆို Amazon Photos ကိုအသုံးပြုသင့်ပါတယ်။ Amazon Photos က Google Photos app နဲ့ဆင်တူပြီး ဓာတ်ပုံတွေကို စုစည်းပေးသလို အလိုအလျောက် upload လုပ်ပေးပါတယ်။ ထူးခြားတဲ့ feature ကတော့ အဓိက သုံးစွဲသူက အခြားမိသားစုဝင် ၅ ဦးကို ဖိတ်ပြီး အကန့်အသတ်မရှိတဲ့ account ကိုဖန်တီးနိုင်ပါတယ်။ နောက်ထူးခြားချက်ကတော့ ဓာတ်ပုံရဲ့ မူလ ရုပ်ထွက်အရည်အသွေးအတိုင်း သိမ်းဆည်းပေးတာ ဖြစ်ပါတယ်။
iCloud
iPhone သုံးစွဲသူတွေ အနေနဲ့ အချက်အလက်တွေကို အခြားနေရာမှာမဟုတ်ဘဲ iCloud မှာ သိမ်းဆည်းနိုင်ပါတယ်။ iCloud မှာ 200GB ရယူလိုတယ်ဆိုရင်တော့ ၂.၉၉ ဒေါ်လာ ထပ်ဆောင်းပေးဆောင်ရပါမယ်။
Dropbox/Koofr
Dropbox ဟာ ဖိုင်တွေကို အလွယ်တကူ sync လုပ်နိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ iPhone မီဒီယာတွေကိုလည်း အလွယ်တကူ သိမ်းဆည်းနိုင်ပါတယ်။ Dropbox ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် ဒေါ်လာ ၉.၉၉ ပေးရင်တော့ 2TB အထိရရှိပါမယ်။ လက်ရှိမှာတော့ Koofr ကတော့ ကန့်သတ်ချိန်အတွင်း တစ်သက်တာလုံး အသုံးပြုနိုင်မယ့် account တွေကို ရောင်းချနေပါတယ်။ Koofr အသုံးပြုသူတွေကတော့ ၂၉.၉၉ ဒေါ်လာနဲ့ 100GB ကိုရရှိပါမယ်။
Backblaze
Backblaze ဟာ မိုဘိုင်းနဲ့ အသုံးပြုရတာ အလွန်အဆင်ပြေပြီး စာရင်းထဲက အခြားဝန်ဆောင်မှုတွေနဲ့ သိပ်မကွာပါဘူး။ Backblaze ရဲ့အားသာချက် ဖုန်းထဲက အချက်အလက်တွေ ပျေက်သွားတဲ့အခါ အလွယ်တကူ ပြန်လည်ရရှိအောင် အချက်အလက်အားလုံးကို restore လုပ်ပေးနိုင်ပါတယ်။ တစ်နှစ်စာ တစ်ကိုယ်ရေသုံး account ကတော့ ဒေါ်လာ ၆၀ ကျသင့်ပြီး ကွန်ပျူတာပေါ်က အချက်အလက်တွေကို အကန့်အသတ်မရှိ သိမ်းဆည်းပေးပါတယ်။ Backblaze app ကတော့ နောက်ကွယ်မှာ စီမံပြီး နောက်ဆုံးရ အချက်အလက်တွေကို ဆာဗာဆီပို့ပေးမှာ ဖြစ်ပါတယ်။ သုံးစွဲသူက external hard drive နဲ့ချိတ်ဆက်မှု အချက်အလက်တွေကို သိမ်းဆည်းနိုင်ပါတယ်။
Phoneview
Ecamm ရဲ့ Phoneview ကတော့ cloud storage ဝန်ဆောင်မှုမဟုတ်ပါဘူး။ Phoneview ကတော့ Mac app ဖြစ်ပြီး iPhone အချက်အလက်တွေကို အလွယ်တကူဖတ်နိုင်အောင် သိမ်းဆည်းပေးထားပါတယ်။ သုံးစွဲသူရဲ့ ဖုန်းခေါ်ဆိုမှု၊ စာသားနဲ့ iMessage history, ဝက်ဘ်ဆိုက်စာရင်း၊ မှတ်တစုနဲ့ အသံဖိုင်တွေကို iPhone ကနေ Mac ဆီမှာ သိမ်းဆည်းကာ ဖတ်ရှုနိုင်ပါတယ်။
စိုးထက်
Ref: Mashable