iPhone ကိုအတုခိုးထားတဲ့ Android 11 feature များ

ပြီးခဲ့တဲ့အပတ်က Android 11 ရဲ့ ပထမဆုံး beta ထွက်ပေါ်ခဲ့ပါတယ်။ အခုဆိုရင် Google က Beta 1.5 ကိုလည်း ဖြန့်ချိထားပါတယ်။ Google ရဲ့ Android 11 လုပ်ဆောင်ချက်တွေက iOS သုံးစွဲသူတွေအတွက် အလွန်ဆင်နေတာရှိပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေကို အောက်မှာ ဖော်ပြပေးပါမယ်။

SMART HOME CONTROL

Android 11 ရဲ့ အပြောင်းအလဲအသစ်ကတော့ Google ရဲ့ ပါဝင်ခလုတ်ကို ဖိနှိပ်ထားရင် OS တစ်ခုလုံးအတွက် smart home control တွေ ပါဝင်လာတာ ဖြစ်ပါတယ်။ iOS လိုပဲ Google Home နဲ့ချိတ်ဆက်ထားတဲ့ စမတ်ထုတ်ကုန်တွေကို Android နဲ့အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။

ONE-TIME PERMISSION

Apple ဟာ ပြီးခဲ့တဲ့နှစ် iOS 13 မှာမိတ်ဆက်ခဲ့တဲ့ feature က Android 11 မှာပါဝင်လာပါတယ်။ Android 11 မှာ location ဒါမှမဟုတ် ကင်မရာ access တို့ကို ကိစ္စရပ်အလိုက် permission တွေကို ခွင့်ပြုနိုင်ပါတယ်။ ဒါကြောင့် permission တွေကို ကြာရှည်စွာခွင့်မပြုဘဲ resource ကာကွယ်ပြီး permission ပေးလို့ရပါတယ်။ တကယ်လို့ app က တိုးချဲ့ permission တွေကို အသုံးမပြုရင်တော့ Android 11 က permission တွေကို ပြန်လည်ရုတ်သိမ်းသွားပါမယ်။

MEDIA SWITCHING CONTROLS

Google က Andorid 11 ရဲ့ drop-down သတိပေးချက် menu ကတစ်ဆင့် media ထုတ်ကုန်တွေ အကြား (Google Home စပီကာ ဒါမှမဟုတ် Bluetooth ထုတ်ကုန်) အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ iOS ရဲ့ Control Center အတွင်းက AirPlay လိုပေါ့။

SCREENSHOT INTERFACE

Android 11 ဟာ အပြောင်းအလဲလုပ်ထားတဲ့ screenshot interface ကို ထည့်သွင်းထားတယ်။ iOS 11 မှာမိတ်ဆက်ခဲ့တဲ့ UI နဲ့ဆင်ပါတယ်။ ဖုန်းနဲ့ screenshot ကိုရိုက်လိုက်ရင် ဓာတ်ပုံကို မျက်နှာပြင် အောက်ခြေမှာ မြင်ရပါမယ်။ ဓာတ်ပုံကို tap လုပ်လိုက်ရင် edit tool နဲ့ ဓာတ်ပုံကို ဝေမျှနိုင်ပါမယ်။

NATIVE SCREEN RECORDING

Google ရဲ့ Android OS မှာ native screen recording ပါဝင်လာဖို့က ကြန့်ကြာနေပါတယ်။ Android 11 beta က iOS နဲ့အလွန်ဆင်ပါတယ်။ Quick Settings menu ကတစ်ဆင့် screen recording ကိုအသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: TheVerge