iPhone ကနေ အသံမှတ်စုတွေကို ဘယ်လိုလွှဲပြောင်းပေးမလဲ

မိမိအနေနဲ့ ဖုန်းမှာ အသံမှတ်စုတွေအနေနဲ့ သိမ်းတတ်တဲ့သူဆိုရင် မိမိဖုန်းထဲက အသံမှတ်စုကို အခြားဖုန်းတစ်လုံးကို ဘယ်လို လွှဲပြောင်းပေးလဲဆိုတာကို သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ မိမိအနေနဲ့ iPhone ကိုသုံးပြီး အသံမှတ်စုတွေကို မှတ်ထားနိုင်သလို ဖုန်းထဲမှာ နေရာလွတ်မရှိတော့တဲ့အခါမှာ အခြားသိမ်းဆည်းနိုင်တဲ့ အွန်လိုင်း Cloud နေရာမျိုးတွေကို အလွယ်တကူ လွှဲပြောင်းထားနိုင်ပါတယ်။ ခုဖော်ပြပေးရမယ့် နည်းကတော့ ဖုန်းထဲက အသံမှတ်စုတွေကို iCloud ထဲကို ရွှေ့ပြောင်းတာကို ဦးစွာ ဖော်ပြပေးပါမယ်။

မိမိရဲ့ဖုန်းက iOS 11 နဲ့ အထက်ဆိုရင်တော့ ခုဖော်ပြတဲ့နည်းအတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ အသံမှတ်စုတွေကို Voice memos app ကနေ Files app ထဲ သို့မဟုတ် iCloud ထဲကို ရွှေ့ပြောင်းနိုင်ပါတယ်။ အရင်ဆုံး Voice Memos app ဖုန်းထဲက Voice memos app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ပုံမှာပြထားသလို မြင်ကွင်း ဘယ်ဘက်ထောင့်နားက အစက်သုံးခုကို နှိပ်လိုက်ပါ။

အောက်ကပုံလိုမျိုး ပေါ်လာရင်တော့ Save to Files ဆိုတဲ့ နေရာကို ထပ်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ မိမိအနေနဲ့ ဖုန်းထဲက ဖိုင်ထဲကို သိမ်းထားနိုင်သလို iCloud Drive ထဲကိုလည်း တိုက်ရိုက်သိမ်းထားနိုင်မှာဖြစ်ပါတယ်။

iCloud Drive ကို ရွေးလိုက်ပါမယ်။ အဲလို ရွေးပြီးရင် မိမိအနေနဲ့ Computer ကနေ iCloud ကို ဝင်ကြည့်လိုက်မယ်ဆိုရင်တော့ ဖုန်းထဲက အသံမှတ်စုတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။

ဆက်ပြီးတော့ iPhone ရဲ့ AirDrop ကိုသုံးပြီး အသံမှတ်စုဖိုင်တွေကို ပြောင်းရွှေ့တာကို ဆက်လက်ဖော်ပြပေးပါမယ်။ မိမိအနေနဲ့ ကွန်ပျူတာကိုလဲ AirDrop ကနေတစ်ဆင့် အသံမှတ်စုဖိုင်တွေကို ပြောင်းရွှေ့နိုင်ပါတယ်။ ပုံ – ၁ မှာပြောခဲ့သလိုပဲ Voice Memo app ကို ဖွင့်ပြီး အစက်သုံးခုကို နှိပ်လိုက်ပါ။

ပြီးရင်တော့ Share ဆိုတဲ့စာသားဘေးက icon ကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး AirDrop ကို ရွေးလိုက်ပါ။ ဒါဆိုရင်တော့ ဖုန်းထဲက အသံမှတ်စုဖိုင်တွေကို AirDrop ကတစ်ဆင့် ရွှေ့ချင်တဲ့နေရာကို မေးပါလိမ့်မယ်။ မိမိရဲ့ ကွန်ပျူတာကို ရွေးပေးလိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းထဲကဖိုင်တွေ ကွန်ပျူတာထဲကို AirDrop ကတစ်ဆင့် ရွှေ့ပေးလိုက်မှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်းပဲ မိမိအနေနဲ့ Mail ထဲကို သိမ်းတာ၊ မက်ဆေ့ချ်ကနေ အခြားဖုန်းနံပါတ်တစ်ခုကို ပို့တာအပြင် DropBox ထဲကို သိမ်းတာမျိုးတွေကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း