iPhone ကင်မရာကို ဖွင့်ပေးတဲ့ Facebook အားနည်းချက်

Facebook ရဲ့ iOS app မှာ သုံးစွဲသူခွင့်ပြုချက်မရှိဘဲ ကင်မရာပွင့်သွားတဲ့ အားနည်းချက်တစ်ခု ရှိတယ်လို့ iPhone သုံးစွဲသူတွေက ပြောဆိုနေကြပါတယ်။

အဲဒီအားနည်းချက်ကို Facebook သုံးစွဲသူ ဂျိုရှုအာမက်ဒေါက်ဆိုသူက ဗီဒီယိုသက်သေနဲ့တကွ ဖော်ပြပြီးနောက် လူတွေအကြား ပျံ့နှံ့သွားခဲ့ပါတယ်။ ဂျိုရှုအာမက်ဒေါက်က Twitter မှာလည်းတင်ထားခဲ့ပါသေးတယ်။ ဒါပေမဲ့ Twitter သုံးစွဲသူ @neo_ga ဆိုသူက နိုဝင်ဘာ ၂ ရက်မှာ အခုအားနည်းချက်ကို အစောဆုံး ဖော်ပြခဲ့ပါသေးတယ်။

အခုအားနည်းချက်က Facebook app အတွင်း ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုကို fullscreen ဖွင့်လိုက်တဲ့အခါ ကင်မရာပွင့်လာတာ ဖြစ်ပါတယ်။ Facebook app interface အတွင်း မီဒီယာကို ပိတ်မယ်ဆိုရင် ညာဘက်ကို swipe ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်လိုက်တဲ့အခါ iPhone ကင်မရာက ပွင့်သွားတာ ဖြစ်ပါတယ်။

 

စိုးထက်
Ref: Mashable