iPad Air 4 ဈေးနှုန်းနဲ့ မိတ်ဆက်မယ့်ရက် ထွက်ပေါ်

Apple ဟာ ၂၀၂၁ ခုနှစ် မတ်လမှာ iPad Air 4 ကိုမိတ်ဆက်နိုင်ပြီး iPhone 12 ရဲ့ A14 Bionic ချစ်ပ်ကို အသုံးပြုဖွယ်ရှိတယ်လို့ MyDrivers ကဖော်ပြခဲ့ပါတယ်။

စတုတ္ထမျိုးဆက် iPad Air ဟာ လာမယ့်နှစ်အစောပိုင်းမှာ ထွက်ရှိမယ်လို့ သိရပါတယ်။ ဒီဇိုင်းပိုင်းက iPad Pro 2020 နဲ့ဆင်မယ်လို့ သိရပါတယ်။ ဒါကြောင့် iPad Air 4 မှာ Touch ID home ခလုတ်နဲ့ ဘေးဘောင်အကြီးစားတွေ ပါတော့မှာ မဟုတ်ပါဘူး။

iPad Air 4 မှာ iPad Pro လိုမျိုး Lightning Connector အစား USB-C port ပါဝင်လာပါတယ်။ Magic Keyboard လည်း ထောက်ပံ့ထားပါတယ်။ iPad Air 4 မှာ အဆင့်မြင့် လုပ်ဆောင်ချက်များစွာ ပါဝင်လာနိုင်ပါတယ်။

iPad Air 4 ကို storage 128 GB, 256 GB နဲ့ 512 GB တွေထုတ်လုပ်နိုင်ပြီး ၁၁ လက်မ Liquid Retina display ဗားရှင်းလည်း ထွက်လာနိုင်ပါတယ်။ iPad Air 4 မှာတော့ 120Hz refresh rate ပါဝင်၊ မဝင် မသိသေးပါဘူး။ iPad Air 4 က တော့ ၆၄၉ ဒေါ်လာ ကျသင့်နိုင်ပါတယ်။

-စိုးထက်
Ref: TomsGuide

အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာအ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇)နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper …..