iPad Air 2 ၏ ဘက်ထရီသည် အလွန် သေးငယ်ကြောင်း iFixit ဆို

ifixit-ipad-air-2.jpg

Apple iPad Air 2 တွင် အလွန်သေးငယ်သော ဘက်ထရီ ပါဝင်ကြောင်း ထုတ်ကုန်များကို ပြုပြင်နိုင်ရန် လမ်းညွှန်ပေးသည့် iFixit ဝက်ဘ်ဆိုက်မှ ပြောကြားခဲ့သည်။

iPad Air 2 tablet သည် ပြီးခဲ့သည့်နှစ်က ထွက်ရှိခဲ့သော iPad Air ကဲ့သို့ပင် ၁၀ နာရီခန့် အသုံးပြုနိုင်ကြောင်း Apple မှ ပြောကြားခဲ့သည်။ သို့သော်လည်း အသစ်ထွက်ရှိ ထားသည့် iPad Air 2 တွင်ပါဝင်သည့် ဘက်ထရီသည် ယခင်ထုတ်ကုန်တွင် ပါဝင်သော ဘက်ထရီထက် ၁၅ ရာခိုင်နှုန်း သေးငယ်ကြောင်း iFixit က၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြသခဲ့သည်။ ထို့အပြင် iPad Air 2 သည် ယခင်ထွက် ရှိထားသော ထုတ်ကုန်ထက် ၁၈ ရာခိုင်နှုန်းခန့် ပိုမိုပါးလျကြောင်း သိရသည်။ Apple အနေဖြင့် အလွန်သေးငယ်သော ဘက်ထရီကို ယခင်ထုတ်ကုန် ပါဝင်သည့် အားအတိုင်း အသုံးပြုနိုင်ရန် A8X  ချစ်ပ်အသစ်ကို အသုံးပြုကာ software ပိုင်းကို အဆင့်မြှင့်တင်ခဲ့ကြောင်း ကုမ္ပဏီမှ ပြောဆိုခဲ့သည်။

Apple ၏ iPad သည် ထွက်ရှိသည့် အချိန်မှစ၍ ဒီဇိုင်းပိုင်းနှင့် ထုတ်ကုန်၏ ဘက်ထရီ သက်တမ်း ကောင်းခြင်းတို့ကြောင့် ချီးကျူးခံထားရသည်။ ထို့အပြင် iPad Air 2 သည် ဘက်ထရီ သက်တမ်း စမ်းသပ်မှုများတွင်လည်း နံပါတ်တစ်ရရှိခဲ့ပြီး Apple ကုမ္ပဏီအတွင်းရှိ ဘက်ထရီ သက်တမ်းဌာနသည် နှစ်စဉ် သို့မဟုတ် နှစ်နှစ်လျှင်တစ်ကြိမ် အံ့သြဖွယ်ရာများကို လုပ်ဆောင်နိုင်ခဲ့ကြသည်။

-စိုးထက်
Ref : CNET