iPad အတြက္ mouse ေထာက္ပံ့မႈပါဝင္လာတဲ့ iPadOS သစ္ကုိ Apple မိတ္ဆက္

[ Zawgyi ]

Apple ဟာ iPad ေတြအတြက္ အႀကီးဆုံး software update တစ္ခုကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ Apple ဟာ ကုမၸဏီရဲ႕ tablet ေတြအတြက္ iOS ကေန iPad OS သစ္ကို ဖြဲ႕စည္းခဲ့ပါတယ္။ Apple အေနနဲ႔ iOS မွာ multitasking feature ေတြပါဝင္လာဖို႔ လုပ္ေဆာင္ေနတာ ၾကာျမင့္ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီ update ေတြဟာ iOS မွာလမ္းေၾကာင္း ၂ ခုျဖစ္ေပၚလာတာေၾကာင့္ iPad မွာလက္အမူအရာနဲ႔ အသုံးျပဳတဲ့အခါ အက်ပ္အတည္းျဖစ္ေစပါတယ္။

အခုဆိုရင္ iPadOS မွာ app icon ေတြနဲ႔အတူ ခ်ဲ႕ႏိုင္တဲ့ widget ေတြပါဝင္တဲ့ home screen သစ္ပါဝင္လာ ပါတယ္။ အဲဒီ widget ေတြဟာ Notification Center မွာေတြ႕ရတဲ့ widget ေတြနဲ႔တူပါတယ္။ Apple ဟာ app ေတြအမ်ားအျပားအၾကား slide လုပ္ႏိုင္တဲ့ လက္အမူအရာနဲ႔ app ေတြကုိေဘးခ်င္းယွဥ္ သုံးတဲ့အခါ drag and drop လည္းျပဳလုပ္ႏို္ငတဲ့ feature ေတြပါဝင္လာပါတယ္။

iPadOS ကုိ Apple ရဲ႕ iPad ထုတ္ကုန္ေတြမွာ အသုံးျပဳဖို႔ ဒီဇိုင္းထုတ္ထားတာ ျဖစ္တဲ့အတြက္ အရြယ္ႀကီးမားတဲ့ screen မွာလြတ္လပ္စြာ အသုံးျပဳႏိုင္ေအာင္ အေျပာင္းအလဲျပဳလုပ္ထားပါတယ္။

iPadOS မွာ အဆင့္ျမႇင့္တင္ထားတဲ့ Files app ပါဝင္လာပါတယ္။ macOS ေပၚက Finder လိုမ်ိဳး ေကာ္လံပုံစံ ၾကည့္ႏိုင္ပါတယ္။ ဖိုင္ေတြနဲ႔ပတ္သက္တဲ့ အေျပာင္းအလဲဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကုိ လုပ္ႏိုင္ေအာင္ information pane တစ္ခုလည္း ပါဝင္လာပါတယ္။ iCloud Drive မွာ folder sharing လုပ္ေဆာင္ခ်က္ ပါဝင္လာၿပီး SMB ဖိုင္ကို Files app ကေထာက္ပံ့ေပးႏိုင္ပါတယ္။ USB drive ေတြနဲ႔ SD card ေတြကိုလည္း Files app မွာေထာက္ပံ့ေပးထားပါတယ္။ ဒါေၾကာင့္ iPad မွာအဲဒီ ထုတ္ကုန္ေတြကုိ တပ္ဆင္ၿပီး ဖိုင္ေတြကုိ ဖြင့္ႏိုင္ၿပီ ျဖစ္ပါတယ္။ သုံးစြဲသူက Siri Shortcut သုံးစရာမလိုေတာ့ဘဲ Lightroom လိုမ်ိဳး app ေတြထဲကုိ ဓာတ္ပုံေတြ ထည့္သြင္းႏိုင္ၿပီ ျဖစ္ပါတယ္။

Apple ဟာ iPadOS အတြက္ desktop လိုမ်ိဳး အသုံးျပဳႏိုင္ေအာင္ Safari browser ကုိအဆင့္ျမႇင့္တင္ခဲ့ပါတယ္။ ဒါ့အျပင္ keyoborad shortcut အသစ္ အခု ၃၀နဲ႔ စာသားအရြယ္ ထိန္းခ်ဳပ္မႈ၊ ဝက္ဘ္ဆုိက္တစ္ခုခ်င္းဆီ settings နဲ႔ ဓာတ္ပုံ upload ေရြးခ်ယ္မႈတို႔လည္း ပါဝင္လာပါတယ္။

iPad မွာကြန္ပ်ဴတာလိုမ်ိဳး ထိန္းခ်ဳပ္မႈေတြ မရွိတဲ့အရာတစ္ခ်ိဳ႕ကို iPadOS ကေျဖရွင္းေပးထားပါတယ္။ Apple ဟာ App Store ထဲမွာ font ေတြကို ထည့္သြင္းေပးလိုက္တာေၾကာင့္ app ေတြအတြင္း သီးသန္႔ font ေတြကိုအသုံးျပဳႏိုင္ပါတယ္။ iPadOS ေပၚက copy နဲ႔ paste feature ကုိလည္း Apple ကအဆင့္ျမႇင့္ထားၿပီး copy ျပဳလုပ္ဖို႔ လက္ေခ်ာင္း ၃ေခ်ာင္းကုိ စုကာ paste ျပဳလုပ္မယ္ဆို လက္ေခ်ာင္း ၃ေခ်ာင္း ျဖန္႔လိုက္႐ုံပါပဲ။

Apple Pencil ဟာလည္း iPadOS နဲ႔ပုိမိုအသားက်သြားပါတယ္။ Apple ဟာစြမ္းေဆာင္ရည္ပုိင္းအတြက္ latency ကုိ 20ms ကေန 9ms အထိအဆင့္ျမႇင့္တင္ခဲ့ၿပီး ပုံမွန္ tool pallette ကလုိလည္း အဆင့္ျမႇင့္တင္ထားတဲ့အတြက္ controls သစ္ေတြကို အသုံးျပဳဖို႔ third-party app ေတြလည္း အသုံးျပဳႏို္င္ပါတယ္။ Pencil ကုိ iPad ေထာင့္နားကေန drage လုပ္လုိက္ရင္ screenshot ဖမ္းေပးမွာလည္း ျဖစ္ပါတယ္။

ဒါတင္မကေသးဘဲ Apple ဟာ iPadOS သစ္မွာ အေျပာင္းအလဲႀကီးႀကီးမားမားျပဳလုပ္ခဲ့ၿပီး USB နဲ႔ Bluetooth ထုတ္ကုန္ေတြအတြက္ mouse ေထာက္ပံ့မႈကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ အဲဒီေထာက္ပံ့မႈကို iPadOS ထဲမွာ developer တစ္ဦးျဖစ္တဲ့ စတိဗ္ထေရာက္တန္စမစ္က ေတြ႕ရွိခဲ့ပါတယ္။ iPadOS မွာ USB mice နဲ႔ Apple ရဲ႕ Magic Trackpad လိုမ်ိဳးထုတ္ကုန္ေတြနဲ႔ ႀကိဳးမဲ့ Bluetooth mice ကုိအသုံးျပဳႏိုင္ပါတယ္။ Apple ဟာ iPad မွာလက္ေခ်ာင္းနဲ႔ ထိေတြ႕အသုံးျပဳတဲ့အခါ ပိုမုိလြယ္ကူေစဖို႔ AssistiveTouch feature ကုိလည္း ေထာက္ပံ့ ထားပါတယ္။ အဲဒီ cursor ဟာ ပုံမွန္ touch နဲ႔ဆင္တူပါတယ္။ ဒါေပမဲ့ လက္ေခ်ာင္းနဲ႔ ထိေတြ႕ဖို႔ကုိ အထူး ဒီဇိုင္းထုတ္ထားတာျဖစ္ပါတယ္။

-စိုးထက္
Ref: TheVerge

[ Unicode ]

Apple ဟာ iPad တွေအတွက် အကြီးဆုံး software update တစ်ခုကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Apple ဟာ ကုမ္ပဏီရဲ့ tablet တွေအတွက် iOS ကနေ iPadOS သစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ Apple အနေနဲ့ iOS မှာ multitasking feature တွေပါဝင်လာဖို့ လုပ်ဆောင်နေတာ ကြာမြင့်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ update တွေဟာ iOS မှာလမ်းကြောင်း ၂ခုဖြစ်ပေါ်လာတာကြောင့် iPad မှာလက်အမူအရာနဲ့ အသုံးပြုတဲ့အခါ အကျပ်အတည်းဖြစ်စေပါတယ်။

အခုဆိုရင် iPadOS မှာ app icon တွေနဲ့အတူ ချဲ့နိုင်တဲ့ widget တွေပါဝင်တဲ့ home screen သစ်ပါဝင်လာ ပါတယ်။ အဲဒီ widget တွေဟာ Notification Center မှာတွေ့ရတဲ့ widget တွေနဲ့တူပါတယ်။ Apple ဟာ app တွေအများအပြားအကြား slide လုပ်နိုင်တဲ့ လက်အမူအရာနဲ့ app တွေကိုဘေးချင်းယှဉ် သုံးတဲ့အခါ drag and drop လည်းပြုလုပ်နို်ငတဲ့ feature တွေပါဝင်လာပါတယ်။

iPadOS ကို Apple ရဲ့ iPad ထုတ်ကုန်တွေမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်တဲ့အတွက် အရွယ်ကြီးမားတဲ့ screen မှာလွတ်လပ်စွာ အသုံးပြုနိုင်အောင် အပြောင်းအလဲပြုလုပ်ထားပါတယ်။

iPadOS မှာ အဆင့်မြှင့်တင်ထားတဲ့ Files app ပါဝင်လာပါတယ်။ macOS ပေါ်က Finder လိုမျိုး ကော်လံပုံစံ ကြည့်နိုင်ပါတယ်။ ဖိုင်တွေနဲ့ပတ်သက်တဲ့ အပြောင်းအလဲဆိုင်ရာ လုပ်ဆောင်ချက်တွေကို လုပ်နိုင်အောင် information pane တစ်ခုလည်း ပါဝင်လာပါတယ်။ iCloud Drive မှာ folder sharing လုပ်ဆောင်ချက် ပါဝင်လာပြီး SMB ဖိုင်ကို Files app ကထောက်ပံ့ပေးနိုင်ပါတယ်။ USB drive တွေနဲ့ SD card တွေကိုလည်း Files app မှာထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် iPad မှာအဲဒီ ထုတ်ကုန်တွေကို တပ်ဆင်ပြီး ဖိုင်တွေကို ဖွင့်နိုင်ပြီ ဖြစ်ပါတယ်။ သုံးစွဲသူက Siri Shortcut သုံးစရာမလိုတော့ဘဲ Lightroom လိုမျိုး app တွေထဲကို ဓာတ်ပုံတွေ ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။

Apple ဟာ iPadOS အတွက် desktop လိုမျိုး အသုံးပြုနိုင်အောင် Safari browser ကိုအဆင့်မြှင့်တင်ခဲ့ပါတယ်။ ဒါ့အပြင် keyoborad shortcut အသစ် အခု ၃၀နဲ့ စာသားအရွယ် ထိန်းချုပ်မှု၊ ဝက်ဘ်ဆိုက်တစ်ခုချင်းဆီ settings နဲ့ ဓာတ်ပုံ upload ရွေးချယ်မှုတို့လည်း ပါဝင်လာပါတယ်။

iPad မှာကွန်ပျူတာလိုမျိုး ထိန်းချုပ်မှုတွေ မရှိတဲ့အရာတစ်ချို့ကို iPadOS ကဖြေရှင်းပေးထားပါတယ်။ Apple ဟာ App Store ထဲမှာ font တွေကို ထည့်သွင်းပေးလိုက်တာကြောင့် app တွေအတွင်း သီးသန့် font တွေကိုအသုံးပြုနိုင်ပါတယ်။ iPadOS ပေါ်က copy နဲ့ paste feature ကိုလည်း Apple ကအဆင့်မြှင့်ထားပြီး copy ပြုလုပ်ဖို့ လက်ချောင်း ၃ချောင်းကို စုကာ paste ပြုလုပ်မယ်ဆို လက်ချောင်း ၃ချောင်း ဖြန့်လိုက်ရုံပါပဲ။

Apple Pencil ဟာလည်း iPadOS နဲ့ပိုမိုအသားကျသွားပါတယ်။ Apple ဟာစွမ်းဆောင်ရည်ပိုင်းအတွက် latency ကို 20ms ကနေ 9ms အထိအဆင့်မြှင့်တင်ခဲ့ပြီး ပုံမှန် tool pallette ကလိုလည်း အဆင့်မြှင့်တင်ထားတဲ့အတွက် controls သစ်တွေကို အသုံးပြုဖို့ third-party app တွေလည်း အသုံးပြုနို်င်ပါတယ်။ Pencil ကို iPad ထောင့်နားကနေ drage လုပ်လိုက်ရင် screenshot ဖမ်းပေးမှာလည်း ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Apple ဟာ iPadOS သစ်မှာ အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ခဲ့ပြီး USB နဲ့ Bluetooth ထုတ်ကုန်တွေအတွက် mouse ထောက်ပံ့မှုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထောက်ပံ့မှုကို iPadOS ထဲမှာ developer တစ်ဦးဖြစ်တဲ့ စတိဗ်ထရောက်တန်စမစ်က တွေ့ရှိခဲ့ပါတယ်။ iPadOS မှာ USB mice နဲ့ Apple ရဲ့ Magic Trackpad လိုမျိုးထုတ်ကုန်တွေနဲ့ ကြိုးမဲ့ Bluetooth mice ကိုအသုံးပြုနိုင်ပါတယ်။ Apple ဟာ iPad မှာလက်ချောင်းနဲ့ ထိတွေ့အသုံးပြုတဲ့အခါ ပိုမိုလွယ်ကူစေဖို့ AssistiveTouch feature ကိုလည်း ထောက်ပံ့ ထားပါတယ်။ အဲဒီ cursor ဟာ ပုံမှန် touch နဲ့ဆင်တူပါတယ်။ ဒါပေမဲ့ လက်ချောင်းနဲ့ ထိတွေ့ဖို့ကို အထူး ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge