iPad ထက် အရွယ်လေးဆ ပိုကြီးတဲ့ Wacom ရဲ့ ၃၂ လက်မ Cintiq Pro

Wacom အနေနဲ့ ၂၄ လက်မနဲ့ ၃၂ လက်မ အရွယ် Cintiq Pro ထုတ်ကုန်သစ်တွေကို မိတ်ဆက်မယ်လို့ ယခင်က ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီ tablet တွေကို CES ပြပွဲမှာ ပထမဆုံးအကြိမ်အဖြစ် Wacom က မိတ်ဆက်ခဲ့ပါတယ်။ Cintiq Pro ထုတ်ကုန်သစ်တွေမှာ edge-to-edge glass မျက်နှာပြင်တွေပါဝင်ပြီး Pro Pen 2 stylus နဲ့ အသုံးပြုနိုင်သလို ဖိအားခံနိုင်ရည် အဆင့်က ၈,၁၉၂ ရှိပါတယ်။

၂၄ လက်မအရွယ်ရှိတဲ့ Wacom မော်ဒယ်ကို pen သီးသန့်အပြင် pen နဲ့ touch display ဗားရှင်းတွေနဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ ၃၂ လက်မအရွယ်ထုတ်ကုန်ကို pen နဲ့ touch ဗားရှင်းအတွက်ပဲ ဝယ်ယူလို့ရပြီး ဧပြီလဝန်းကျင်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

နောက်ပိုင်းထွက်ရှိတဲ့ Cintiq Pro ထုတ်ကုန်တွေမှာ အရင်က Cintiq 27HD လိုမျိုးမှာ ပါဝင်တဲ့ ExpressKeys (undo, copy, past စတာတွေကို program လုပ်ထားနိုင်တဲ့ shortcut key တွေ) မပါဝင်ပေမယ့် ExpressKey Remote ကတော့ ထုတ်ကုန်နဲ့အတူ ပါဝင်လာပါတယ်။ Cintiq Pro တွေအတွက် ကိုယ်ပိုင် stand ကို ဝယ်ယူနိုင်ပါတယ်။

Wacom ရဲ့ Cintiq Pro ၃၂ လက်မ ဗားရှင်းကို ဒေါ်လာ ၃,၃၀၀၊ ၂၄ လက်မ မော်ဒယ်ကို ဒေါ်လာ ၂,၀၀၀ နဲ့ အသီးသီးရောင်းချသွားမှာ ဖြစ်ပါတယ်။ အဲဒီ tablet အကြီးစားတွေကို လုပ်ငန်းသုံး ကျွမ်းကျင်ပညာရှင်တွေနဲ့ စတူဒီယိုတွေမှာ အသုံးပြုနိုင်ပါတယ်။ သာမန်သုံးစွဲသူတွေကတော့ Wacom ရဲ့လက်ရှိမော်ဒယ်ဖြစ်တဲ့ ၁၃ လက်မနဲ့ ၁၆ လက်မ ဗားရှင်းကိုပဲ အသုံးပြုသင့်ပါတယ်။ Wacom ရဲ့လက်ရှိ ၁ ၃လက်မနဲ့ ၁၆ လက်မ ထုတ်ကုန်က ဒေါ်လာ ၁,၀၀၀ နဲ့ ဒေါ်လာ ၁,၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge