IP Ratings [အိုင်ပီအဆင့်သတ်မှတ်ချက်] ဆိုတာ

IP ဆိုတာက အတွင်းပိုင်းအကာအကွယ်ပေးမှု စည်းမျဉ်းများ Ingress Protection ရဲ့ အတိုကောက်အသုံးနှုန်းပဲ ဖြစ်ပါတယ်။ အကာအကွယ်ပေးနိုင်မှုပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ စံတွေကို IP Ratings တစ်ခုအနေနဲ့ ဖော်ပြလေ့ရှိပါတယ်။ လက်ရှိဈေးကွက်ထဲက ရေစိုခံနိုင်တဲ့ ဖုန်းအမျိုးအစားတွေမှာ သူတို့ရဲ့ ရေစိုခံနိုင်မှုကို ဒီစံသတ်မှတ်နဲ့ ဖော်ပြလေ့ရှိပြီး IP Ratings က ရေစိုခံနိုင်မှုတစ်ခုတည်း မဟုတ်ဘဲ ဖုန်ဒဏ်၊ ရာသီဥတုဒဏ် စတာတွေကိုပါ ခံနိုင်မှုအတွက် သတ်မှတ်ပေးတဲ့ စံသတ်မှတ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီစံသတ်မှတ်ချက်ကို နိုင်ငံတကာစံသတ်မှတ်ရေးအဖွဲ့ IEC (International Electrotechnical Commission) ကနေ အီလက်ထရွန်းနစ်ထုတ်ကုန်တွေနဲ့ ဆက်စပ်ထုတ်ကုန်တွေရဲ့ အဆင့်ကို သတ်မှတ်ပေးတာဖြစ်ပါတယ်။ ဒီအဆင့်သတ်မှတ်ချက်တွေက နိုင်ငံတကာစံသတ်မှတ်ချက်တစ်ခုဖြစ်ပြီး ထုတ်ကုန်တွေရဲ့ ဖုန်ဒဏ်နဲ့ အစိုဓာတ် နှစ်မျိုးစလုံးကို ကာကွယ်ပေးနိုင်မှုအဆင့်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်မှာ ပထမဆုံးကိန်းဂဏန်းက ကျူးကျော်ဝင်ရောက်ခြင်းကာကွယ်မှုကို ရည်ညွှန်းပါတယ်။ နံပါတ် ၀ (သုည) က အထူးကာကွယ်မှုမရှိဆိုတာ ဖြစ်ပြီး ၀ မှ ၆ အထိ ဖုန်မှုန့်တွေမဝင်ရောက်ခြင်း အဆင့်လိုက်သတ်မှတ်တာ ဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက်ရှိ ဒုတိယဂဏန်းက အစိုဓာတ်ကာကွယ်ခြင်းကို ရည်ညွှန်းပြီး ၀ မှ ၀ အထိ အကာအကွယ်မရှိမှ 8 အထိ ထုတ်လုပ်မှုက သတ်မှတ်ထားသော ၁ မီတာ ကျော်လွန်သည် အထိ ခံနိုင်မှုကိုဆိုလိုတာဖြစ်ပါတယ်။

ဥပမာ Google Pixel 2 နှင့် iPhone 8 တို့သည် IP67 အသိအမှတ်ပြုခံရသည်။ အဆင့်သတ်မှတ်ချက် (၆) ဆင့်က ‘ဖုန်မှုန့်များ ဝင်ရောက်ခြင်း’ အတွက် ကာကွယ်မှု သေချာစေပြီး အဆင့်သတ်မှတ်ချက် (၇) ခုက ‘ရေတွင် ၁ မီတာ အထိ နှစ်မြှုပ်ခြင်း’ အတွက် ထိခိုက်မှုမရှိအောင် ထုတ်လုပ်သူကသတ်မှတ်ထားတဲ့ အချိန်နဲ့အတူ (ဥပမာ Google မှ မိနစ် (၃၀) ကာကွယ်ပေးနိုင်မှုကို သေချာစေမှာဖြစ်ပါတယ်။

Samsung Galaxy S8 သည် IP68 အသိအမှတ်ပြုထားခြင်း ဖြစ်ပြီး ဒါက iPhone 8 နဲ့ Google Pixel 2 တို့ကဲ့သို့ တူညီစွာပဲ ဖုန်မှုန့်ကာကွယ်ခြင်းများပါ၀င်တဲ့အပြင် အစိုဓာတ်ကာကွယ်မှုအတွက် မြင့်မားတဲ့အဆင့်သတ်မှတ်ချက် အနေနဲ့ မိနစ် ၃၀ အတွင်း ၁.၅ မီတာအထိ ရေထဲသို့နှစ်မြှုပ်မှုဒဏ်ကို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။