iOS 14 public beta က စိတ်ဝင်စားစရာ လုပ်ဆောင်ချက် (၆) ခု

Apple ဟာ အများပြည်သူတွေ စမ်းသပ်သုံးစွဲနိုင်အောင် iOS 14 public beta ကိုဖြန့်ချိလိုက်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို iOS 14 beta ကိုဝင်ရောက်ပြီး feature တွေကို စမ်းသပ်သုံးစွဲနိုင်ပါပြီ။ iOS 14 လုပ်ဆောင်ချက်အသစ်တွေထဲမှာ widget ကို home screen ထဲထည့်သွင်းတာတွေ ပါဝင်လာပါတယ်။ ဒါ့အပြင် Android လိုမျိုး App Library အမည်ရ app drawer လည်းပါဝင်လာပါသေးတယ်။

(၁) စကားပြောဆိုမှုအတွင်း တစ်စုံတစ်ယောက်ကို tag လုပ်နိုင်

iOS 14 မှာ iMessage group ထဲမှာ စကားပြောဆိုတဲ့အခါ တစ်စုံတစ် ယောက်ကို tag လုပ်နိုင်ပြီး message ကိုလည်း reply လုပ်နိုင်ပါပြီ။ အဖွဲ့ထဲက တစ်ယောက်ကို tag လုပ်မယ်ဆိုရင် @ သင်္ကေတကို အသုံးပြုရပါမယ်။

(၂) Message ကို pin လုပ်ခြင်း

Messages app ရဲ့အပေါ်ဘက်မှာ စကားပြောဆိုမှုကို pin လုပ်ထားနိုင်ပါပြီ။ ဒါကြောင့် သုံးစွဲသူက လိုချင်တဲ့ contact ကိုရှာဖွေဖို့ အပင်ပန်းခံပြီး scroll လုပ်စရာမလိုတော့ပါဘူး။

(၃) Translate app တစ်ပါတည်းပါဝင်လာ

iPhone မှာ Google ရဲ့ Translate app အသုံးပြုစရာမလိုအောင် Translate app ကို Apple ကထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် သုံးစွဲသူက စာသားကို ဘာသာပြန်နိုင်ပြီး အခြားဘာသာစကားပြောသူနဲ့လည်း စကားပြေနိုင်ပါပြီ။ သုံးစွဲသူက အင်္ဂလိပ်၊ မန်ဒရင်းတရုတ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ အာရေဗျ၊ ပေါ်တူဂီနဲ့ ရုရှားဘာသားစကားကို ပြန်ပေးနိုင်ပါတယ်။

သုံးစွဲသူက app ကိုဖွင့်လိုက်ရင် option ၂ခုမြင်ရပါမယ်။ ဘာသာပြန်ဆိုရမယ့် စကားလုံး ဒါမှမဟုတ် စကားစုကို ထည့်သွင်းတာ ဒါမှမဟုတ် အသံသွင်းတာကိုလည်း ဘာသာပြန်ပေးမယ့် မိုက်ကရိုဖုန်း icon ကိုတွေ့ပါမယ်။

(၄) App Library

App Library ဟာ home screen ညာဘက်မှာရှိတဲ့ မျက်နှာပြင်သစ်တစ်ခုဖြစ်ပါတယ်။ ဖုန်းပေါ်က app တွေကို folder နဲ့ အလိုအလျောက် စီစဉ်ပေးပါတယ်။ iPhone ပေါ်မှာ install လုပ်ထားတဲ့ app တွေအားလုံးကို တွေ့နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

(၅) Widget တွေပါဝင်လာ

iPhone ရဲ့ home screen ပေါ်မှာ widget တွေထည့်သွင်းနိုင်ပါပြီ။ Home screen ဘယ်ဘက်မှာ widget ထည့်သွင်းမှုကို မကန့်သတ်တော့ဘဲ display ပေါ် တိုက်ရိုက်ထည့်သွင်းနိုင်ပြီး အရွယ်အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။ Smart Stack widget က လိုအပ်မယ်ထင်တဲ့ app များစွာရဲ့ အချက်အလက်ကို ပြသပေးပါတယ်။

 

(၆) Picture-in-picture လုပ်ဆောင်ချက်

iPad မှာ Picture-in-picture mode နဲ့ ဗီဒီယိုတွေ ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်လာတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်ပါတယ်။ Picture-in-picture mode ပါဝင်လာတဲ့အတွက် အခြား app ဒါမှမဟုတ် screen တစ်ခုပေါ်မှာ ဖွင့်ထားတဲ့ ဗီဒီယိုကို ကြည့်နိုင်ပါတယ်။

Twitch လိုမျိုး Picture-in-picture ထောက်ပံ့ပေးတဲ့ app မှာ ဗီဒီယိုကြည့်တဲ့အခါ home screen သွားလိုတဲ့အခါ swipe လုပ်လိုက်ရုံပါပဲ။ ဗီဒီယိုကိုလည်း ဆက်လက်ပြသပေးပါမယ်။

-စိုးထက်
Ref: CNET