iOS 14.2 Public Beta ထွက်ရှိ

ပြီးခဲ့တဲ့တစ်ပတ်က တရားဝင်ဖြန့်ချိခဲ့တဲ့ iOS 14 ဟာ iOS နဲ့ iPad OS ထုတ်ကုန်တွေကို အပြောင်းအလဲများစွာ ဖြစ်စေပြီး home screen နဲ့ အခြား အပြောင်းအလဲများစွာ ပါဝင်လာပါတယ်။ တစ်ပတ်အကြာမှာတော့ Apple က update တွေပါဝင်တဲ့ iOS 14.2 Public Beta ကိုတော့ ဖြန့်ချိလိုက်ပါတယ်။

အခု beta ကို Apple ID နဲ့ ကိုက်ညီတဲ့ iPhone ဒါမှမဟုတ် iPad ထုတ်ကုန်ရှိသူတိုင်း အသုံးပြုနိုင်ပါပြီ။ iOS 14.2 မှာတော့ Control Center ထဲမှာ Music Recognition လုပ်ဆောင်ချက် ပါဝင်ပြီး Shazam ကို ပေါင်းစပ်ထားပါတယ်။ ပတ်ဝန်းကျင်က ဖွင့်နေတဲ့ သီချင်းတွေကို သိနိုင်ပြီး app အတွင်းက ဖွင့်တဲ့သီချင်းကိုလည်း ဖော်ထုတ်ပေးပါတယ်။

ဒါ့အပြင် “Now Playing” widget လည်းပါဝင်လာပြီး မကြာသေးခင်က ဖွင့်ထားတဲ့ သီချင်းကိုလည်း ပြသပေးပါတယ်။ AirPlay အတွက် interface အသစ်ကလည်း ထုတ်ကုန်တွေကို ချိတ်ဆက်တဲ့အခါ လွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။

“People detection” လုပ်ဆောင်ချက်ကတော့ လူစုလူဝေးရှောင်ကြဉ်ဖို့ သတိပေးတဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး လူတစ်ယောက်က ဘယ်လောက်အကွာအဝေးမှာ မတ်တတ်ရပ်နေတာကို ဖော်ပြပေးပါတယ်။

စိုးထက်

Ref: GSMArena