iOS 14 သတင်းနဲ့ ကောလာဟလများ

နောက်ဆုံးထွက်ရှိခဲ့တဲ့ iOS 13 မှာ dark mode လိုမျိုး feature တွေများစွာ ပါဝင်လာပါတယ်။iOS 14 ကလည်း အနာဂတ်မှာ ထွက်ပေါ်ဖို့ရှိနေပါတယ်။ Apple အနေနဲ့ iOS 14 နဲ့ပတ်သက်ပြီး တရားဝင် မထုတ်ပြန်သေးပေမယ့် iPhone 12 မှာပါဝင်လာမယ့်iOS 14 နည်းပညာသစ်အကြောင်း ခန့်မှန်းရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုဆောင်းပါးကတော့ iOS 14 မှာ ဘာတွေ ပါဝင်လာမလဲဆိုတာ ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ ခန့်မှန်းမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။Apple အနေနဲ့ အသစ်ထွက်ရှိမယ့် စမတ်ဖုန်းသစ်မှာ 5G ထောက်ပံ့မလားဆိုတဲ့ ခန့်မှန်းချက်တွေကို မြင်တွေ့ပါမယ်။

iOS 14 ထွက်ရှိမယ့်ရက်နဲ့ beta ဖြန့်ချိမယ့်ရက်

ပြီးခဲ့တဲ့နှစ်တွေမှာ စက်တင်ဘာ ၁၉ ရက်အရောက်မှာ iOS update တွေဖြန့်ချိနေကျဖြစ်ပါတယ်။ iOS 14 ကိုလည်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ iOS 14 ကိုဖြန့်ချိဖွယ်ရှိပါတယ်။ iPhone 12 မိတ်ဆက်ပွဲကိုလည်း အဲဒီကာလအတွင်း ပြုလုပ်ဖွယ်ရှိပါတယ်။Apple အနေနဲ့ WWDC ကွန်ဖရင့်မှာ iOS 14 ကိုမိတ်ဆက်ဖွယ်ရှိပါတယ်။ မေလအစောပိုင်းမှာ WWDC 2020 ကိုပြုလုပ်နိုင်ပြီး တစ်လ အနည်းငယ် ပထမဆုံး public beta ကို ဖြန့်ချိနိုင်ပါတယ်။

iOS 14 ကိုအသုံးပြုနိုင်မယ့် ထုတ်ကုန်များ

Apple အနေနဲ့ iOS 12 ကိုမိတ်ဆက်တဲ့အချိန်မှာ ဖုန်းများစွာအတွက် ထောက်ပံ့ပေးဖွယ် မရှိပါဘူး။ iPhone 6s ဒါမှမဟုတ် iPhone SE ထက် သက်တမ်းကြာမြင့်တဲ့ ထုတ်ကုန်တွေအတွက် iOS 14 ထောက်ပံ့ဖွယ်မရှိပါဘူး။ ဒါပေမဲ့ iOS 14 ထည့်သွင်းနိုင်မယ့် iPhone အဟောင်းတွေနဲ့ ပတ်သက်မှုက ခန့်မှန်းသတင်းတွေပဲ ရှိပါသေးတယ်။

Apple က ပထမဆုံး iOS 14 beta ဖြန့်ချိတဲ့အခါ ဘယ်ထုတ်ကုန်တွေ အသုံးပြုနိုင်မလဲဆိုတာ သိလာနိုင်ပါတယ်။

iOS 14 ကောလာဟလသတင်းများ

5G iPhone ခေတ်တစ်ခုကို တည်ထောင်မယ့် iOS 14

Apple ဟာ ၂၀၂၀ခုနှစ်မှာ မိတ်ဆက်မယ့် operating system မှာ 5G ကိုထည့်သွင်းဖွယ်ရှိပါတယ်။ အဲဒီ feature က iPhone အဟောင်းတွေမှာ မသုံးစွဲနိုင်ပါဘူး။ 5G ကွန်ရက်တွေကို အသုံးပြုဖို့ သီးသန့် modem နဲ့ ပရိုဆက်ဆာတွေ လိုအပ်ပါတယ်။ နောက်ဆုံးပေါ်ဖုန်းနဲ့အတူ ထိပ်တန်း chipset နဲ့ modem တွေနဲ့မှာ 5G ကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Apple AR မျက်မှန်ကို iOS 14 ထောက်ပံ့နိုင်

Apple ဟာ ၂၀၂၀ ခုနှစ်မှာ 5G iPhone နဲ့အတူ AR မျက်မှန်ကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ AR မျက်မှန်က text message တွေနဲ့ မြေပုံလမ်းညွှန်တွေကို iOS ကတစ်ဆင့် iPhone တွဲဖက်ထုတ်ကုန်အဖြစ် အသုံးပြုနိုင်ဖွယ်ပါတယ်။ ကိုယ်ပိုင်သင့်တော်တဲ့ app တွေ အသုံးပြုနိုင်ဖို့ AR မျက်မှန် store လည်းပါဝင်လာနိုင်ပါတယ်။

iOS 14 မှာဘာတွေ ပါလာစေချင်လဲ

Smart composition

အခုခေတ်မှာ လူတိုင်းမှာ ဖုန်းတွေနဲ့ လုပ်ငန်းလုပ်ကိုင်နေကြပါတယ်။ အချိန်နာရီနဲ့ အမျှ အီးမေးလ်ပေးပို့နေကြပါတယ်။

iOS မှာ စာသားအတွင်း လင့်ခ်ထည့်သွင်းတဲ့ ထောက်ပံ့မှုကို မထည့်သွင်းထားပါဘူး။ အီးမေးလ်ပေးပို့တဲ့အခါ စာသားတွေထဲကို လင့်ခ်ထည့်သွင်းမှုက ပရော်ဖက်ရှင်နယ်ဆန်စေပါတယ်။ အီးမေးလ်အတွင်းမှာ လင့်ခ်အပြည့်ထည့်တာ လက်ခံသူတွေအတွက်လည်း မျက်စိရှုပ်စေပါတယ်။

Smarter spam calls filter

iOS 13မှာ spam ဖုန်းခေါ်ဆိုမှုတွေကို ခြေရာခံပြီး ပိတ်ပင်နိုင်ပါတယ်။ ဒါ့အပြင် contact စာရင်းမှာ မပါဝင်တဲ့ နံပါတ်ကို ပိတ်ပင်လိုက်ရင် voicemail ထဲရောက်ရှိသွားမယ့် Silence Unknown Callers လည်း iOS 13 မှာ ပါဝင်လာပါတယ်။

iOS 14 မှာ spam ဖုန်းခေါ်ဆိုမှုတွေကို ဖော်ပြတဲ့ smart သတိပေးချက်တွေ ပါဝင်လာရင် ကောင်းပါတယ်။ အဲဒီအခါမှာ သုံးစွဲသူက တချို့ spam နံပါတ်တွေကို ပုံစံအမျိုးမျိုးအလိုက် filter ထည့်သွင်းလိုနေပါတယ်။

Foldable ထောက်ပံ့မှု

Apple ကခေါက်ထားနိုင်တဲ့ iPhone သတင်းနဲ့ပတ်သက်ပြီး မကြားရတာ ကာလအတော်ကြာပြီဖြစ်ပါတယ်။ Apple ဟာသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (R&D) ဓာတ်ခွဲခန်းတွေမှာ ခေါက်စမတ်ဖုန်း နည်းပညာကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ iOS 14 မှာခေါက်စမတ်ဖုန်း နည်းပညာကို ထောက်ပံ့နိုင်ဖွယ်မရှိပါဘူး။

-စိုးထက်
Ref: TechRada