iOS 14 ရဲ့ Apple Translate App ကို ဘယ်လိုသုံးမလဲ

Apple iOS 14 ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်တဲ့ Translate app က ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုကို အလွယ်တကူ ပြန်ဆိုဖို့အတွက် အသုံးဝင်လှတဲ့ app ဖြစ်ပါတယ်။ ဘာသာပြန်ဆိုဖို့အတွက် သုံးစွဲသူက Siri က တစ်ဆင့်လည်း အသံနဲ့ခိုင်းနိုင်ပါတယ်။ ဘာသာ ပြန်လုပ်ဆောင်ချက်က နိုင်ငံခြားတိုင်းပြည်တွေကို သွားရောက်လည်ပတ်တဲ့အခါမှာ ဘာသာစကားအခက်အခဲ ဖြစ်နိုင်မှုအတွက် အကောင်းဆုံး အထောက်အပံ့ဖြစ် ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပေမယ့်လည်း လက်ရှိ Covid ကာလ အိမ်မှာနေရင်း ဘာသာစကားလေ့ လာနေသူတွေအတွက် အသုံးဝင်မှာဖြစ်ပါတယ်။ ဒီ Apple translate app ဘာသာပြန်လုပ်ဆောင်ချက်က အာရဗီ၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ပေါ်တူဂီ၊ ရုရှား၊ စပိန် စတဲ့ ဘာသာစကား ၁၁ မျိုးကိုပဲ ထောက်ပံ့ပေးထားပါသေးတယ်။

Translate app ကိုသုံးပြီး ဘာသာပြန်ဆိုဖို့အတွက် အရင်ဆုံး ဖုန်းထဲက translate app ကို ဖွင့်လိုက်ပါ။ အဲလို ဖွင့်လိုက်ရင် အပေါ်ထိပ်နားမှာဘာ သာစကားနှစ်ခု ပေါ်နေတာကိုတွေ့ရမှာပါ။

ဘယ်ဘက်က ဘာသာစကားက သင့်အနေနဲ့ရေးချင်၊ ပြောချင်တဲ့ ဘာသာစကားအတွက်ဖြစ်ပြီး ညာဘက်ကတစ်ခုကတော့ ဘာသာပြန်ဆိုစေချင်တဲ့ ဘာသာစကားအတွက် ဖြစ်ပါတယ်။ သင့်အနေနဲ့ မိမိစိတ်ကြိုက်ရွေးချယ်နိုင်သလို Automatic Detection ဆိုတဲ့ ခလုတ်လေးကိုဖွင့်ထားပြီး လည်း app ကနေ အလိုအလျောက် ရွေးစေတာမျိုးကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

အသံနဲ့ ဘာသာပြန်ဆိုတာကို လုပ်ချင်ရင်တော့ မိုက်ခရိုဖုန်း ပုံလေးကို တစ်ချက်ဖိထားပြီးပြော ဆိုရမှာဖြစ်ပါတယ်။ ဥပမာ – အင်္ဂလိပ်လိုပြောတာကို စပိန်လို ဘာသာပြန်ပေးစေချင်ရင် သင့်အနေနဲ့ မိုက်ပုံလေးကို ဖိထားပြီး အင်္ဂလိပ်လို ပြောလိုက်တာနဲ့ ဘာသာပြန်ဆိုချက်က ချက်ချင်းပေါ်လာမှာဖြစ်သလို play icon ကို နှိပ်ကာလည်း အသံထွက် နားထောင်နိုင်မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆိုချက်က ရှည်လျားတဲ့ ဝါကျတွေဆိုရင်တော့ ဝါကျရှည်ကို ဖတ်ရတာအဆင်ပြေစေမယ့် ပုံစံအဖြစ်ဖုန်းကို အလျားလိုက်ပြောင်းကာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ အသံနဲ့မဟုတ်ဘဲ စာသားကို ကိုယ်တိုင်ရိုက်ထည့်ပြီး ကီးဘုတ်က go ဆိုတာကိုနှိပ်လိုက်တာနဲ့ ဘာသာပြန်ဆိုချက်ပေါ်လာမှာ ဖြစ်ပါတယ်။

Translate app မှာ Apple ကနေ အခြားအသုံးဝင်တဲ့လုပ် ဆောင်ချက်တချို့ကို ဖန်တီးပေးထားပါတယ်။ အဲဒါကအဘိဓာန် စနစ်ပါ။ သင့်အနေနဲ့ ဘာသာပြန် ဆိုထားတဲ့ ဘာသာစကားထဲက စာလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလည်း ခလုတ်တစ်ချက်နှိပ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခု translate app က ထောက်ပံ့ပေးထားတဲ့ ဘာသာစကား ၁၁ မျိုးစလုံးအတွက် Offline အနေနဲ့ဘာသာပြန်ဆိုတာကို အသုံးပြုနိုင်ဖို့အတွက် download ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာပြန်ဆိုထားသမျှကို ရှင်းလင်းစွာ ဖတ်ရှုနိုင်ဖို့ attention mode စနစ်ပါဝင်လာတာပါ။ ဒီစနစ်က ဘာသာ ပြန်ဆိုထားတာတွေကို ဖုန်းမျက် နှာပြင်အပြည့် ဖတ်ရှုနိုင်စေမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««