iOS 14 မှာ record ဖိုင်ရဲ့ နောက်ခံဆူညံသံနဲ့ Echo တွေကို ဘယ်လိုဖျောက်မလဲ

iPhone ရဲ့ Voice Memos app က အလွယ်တကူ မြန်မြန်ဆန်ဆန် အသံဖမ်းဖို့အတွက် ကောင်းမွန်လှပါတယ်။ သင်ကိုယ်တိုင် record အသံမှတ်စုတွေကို အသံအရည်အသွေး ကောင်းကောင်းနဲ့ ဖမ်းယူနိုင်သလို ခု iOS 14 မှာ နောက်ခံ ဆူညံသံတွေနဲ့ Echo ပဲ့တင်သံတွေကို ဖျောက်နိုင်ပြီဖြစ်ပါတယ်။

သင့်အနေနဲ့ အသံဖမ်းထားပြီးဖိုင်ရဲ့ နောက်ခံ ဆူညံသံနဲ့ Echo သံတွေကို ဖျောက်ဖို့အတွက် Vioce Memos app ထဲကို ဝင်လိုက်ပါ။

ပြီးရင်တော့ သင့်အနေနဲ့ နောက်ခံ ဆူညံသံနဲ့ Echo သံတွေကို ဖျောက်ချင်တဲ့ဖိုင်ကို ရွေးလိုက်ပါ။ အဲလို ရွေးလိုက်ပြီးတာနဲ့ ပုံမှာ ပြထားတဲ့အတိုင်း အစက်သုံးခု icon ကို တစ်ချက်နှိပ်လိုက်ပါ။

အဲလို နှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Edit Recording ဆိုတဲ့စာသားကို ထပ်နှိပ်လိုက်ပါ။

အသံဖိုင်ကို နားဆင်နိုင်တဲ့ပုံစံ ပေါ်လာမှာဖြစ်ပြီး နောက်ခံ ဆူညံသံနဲ့ Echo သံတွေကို ဖျောက်ဖို့အတွက် ပုံမှာပြထားတဲ့အတိုင်း မှော်တုတ်တံ icon လေးကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်ပြီးတော့ အသံဖိုင်ကို နားထောင်ကြည့်လိုက်ပါ။ App ကနေ အသံအရည်အသွေးကို မထိခိုက်စေဘဲ နောက်ခံ အနှောင့်အယှက်သံတွေ မှန်သမျှကို အနိမ့်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ သင့်အနေနဲ့ မှော်တုတ်တံလေးကို ပြန်နှိပ်ပြီး မူလအသံကို နှိုင်းယှဉ်နားထောင်ကြည့်ပါ။ နဂိုထက် ပိုမိုကောင်းမွန် တာတွေကို တွေ့ရမှာဖြစ်ပြီး အားလုံးပြီးသွားရင်တော့ Done ဆိုတာလေးကို နှိပ်ပြီး ဖိုင်ကို Replace လုပ် သိမ်းဆည်းနိုင်ပြီ ဖြစ်ပါတယ်။

ဒီနည်းနဲ့ iOS 14 ရဲ့ Voice Memo ကတစ်ဆင့် နောက်ခံဆူညံသံနဲ့ Echo သံတွေကို အလွယ်တကူ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««