iOS 14 မှာ App icons တွေကို ဘယ်လိုချိန်းမလဲ

iOS 14 မှာ စိတ်ဝင်စားစရာ လုပ်ဆောင်ချက်သစ်တွေ ပါဝင်လာတာကို သိပြီးကြပြီ ဖြစ်မှာပါ။ Widget နဲ့ပတ်သက်ပြီးလည်း အသစ်တွေလုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးထားပြီး Android OS လိုမျိုး သုံးစွဲက နှစ်သက်သလို widget တွေကို Home screen ပေါ်ရွှေ့တာကို လုပ်ဆောင်နိုင်မှာ ဖြစ်သလို App icon တွေကိုလည်း iOS 14 မှာ စိတ်ကြိုက် ပြောင်းလဲခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

သုံးစွဲသူတွေ အနေနဲ့ iOS 14 မှာ Widget နဲ့ ဖန်စီ wallpaper တွေကို လိုသလို ပြောင်းလဲနိုင်မှာဖြစ်သလို app icon တွေကိုလည်း မိမိစိတ်ကြိုက် customize လုပ်နိုင်မှာပါ။ အဲလို ပြောင်းနိုင်တယ် ဆိုပေမယ့် ကန့်သတ်ချက်အနည်းငယ် ရှိတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ မိမိစိတ်ကြိုက် ပြောင်းလဲအသုံးပြုတဲ့အခါမျိုးမှာ သတိထားသင့်တာတွေတော့ရှိမှာ ဖြစ်ပါတယ်။ နောက်တစ်ခု အဲလို ပြောင်းလဲတာအတွက် အချိန်အနည်းငယ်တော့ ပေးရမှာဖြစ်ပါတယ်။

ဒီလို ပြောင်းလဲလိုက်တာရဲ့ နောက်ဆက်တွဲ အားနည်းချက် တစ်ခုက သင့်အနေနဲ့ ပြောင်းလဲလိုက်တဲ့ custom app icon က app notification အသိပေးချက်မှာတော့ ပေါ်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ သင့်အနေနဲ့ iOS 14 ရဲ့ လုပ်ဆောင်ချက်သစ် သုံးပြီး ဖုန်းက သူများထက် ထူးခြားတဲ့ အမြင်မျိုးနဲ့ သုံးချင်ရင်၊ အခြားသူတွေ ဖုန်းထဲက App တွေကို အလွယ်တကူ အသုံးမပြုစေချင်ရင်တော့ ခုနည်းလမ်းက သင့်ကို စိတ်ကျေနပ်စေမှာပါ။

(၁) အရင်ဆုံး iPhone ဒါမှမဟုတ် iPad ရဲ့ Shortcuts app ကို ဖွင့်လိုက်ပါ။

(၂) ပြီးရင်တော့ shortcut အသစ်ဖန်တီးဖို့အတွက် ညာဘက်အပေါ်ထောင့်နားက ( + ) icon လေးကို တစ်ချက်နှိပ်လိုက်ပါ။

(၃) News Shortcut စနစ်ထဲရောက်ရင် Add Action ဆိုတဲ့ စာသားကို တစ်ချက်နှိပ်လိုက်ပါ။

(၄) ပြီးရင်တော့ ထိပ်ဆုံးက Searh အကွက်ထဲမှာ Open App ကို ရိုက်ရှာပြီး ပေါ်လာရင် Open App ဆိုတာကို ရွေးလိုက်ပါ။

(၅) ရွေးပြီးရင်တော့ Choose ဆိုတဲ့စာသားကို တစ်ချက်ထပ်နှိပ်လိုက်ပါ။

(၆) Choose App စနစ်ထဲကိုရောက်သွားရင်တော့ သင့်အနေနဲ့ customize လုပ်ပြီး ပေါင်းချင်တဲ့ app ကို search အကွက်ထဲကနေ ရိုက်ရှာကာ ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

(၇) အဲလို ရွေးပြီးရင်တော့ ညာဘက်အပေါ်ထောင့်နား Next ဆိုတဲ့ စာသားအောက်က အစက်သုံးခုကိ နှိပ်လိုက်ပါ။

(၈) Details စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲက Add Home Screen ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

(၉) နှိပ်ပြီးရင်တော့ default app icon ကို နှိပ်ပြီး သင်ချိန်းချင်တဲ့ app icon ပုံကို ဓာတ်ပုံရိုက်ပြီးဖြစ်စေ၊ အယ်လ်ဘမ်ထဲကဖြစ်စေ၊ ဖိုင်စနစ်ထဲကနေဖြစ်စေ ရှာပြီး ရွေးချယ်ပေးနိုင်ပါပြီ။

(၁၀) ရွေးပြီးရင်တော့ အစားထိုးပြောင်းလဲမယ့် app icon ရဲ့နာမည်ကို စိတ်ကြိုက် သတ်မှတ်ပေးပါ။

(၁၁) ပြီးရင်တော့ ညာဘက်အပေါ်ထောင့်နားက Add ဆိုတဲ့ စာသားကို နှိပ်ပါ။

(၁၂) နှိပ်ပြီးရင်တော့ Shortcut ကို နာမည်တပ်ပြီး Done ဆိုတာကို နှိပ်လိုက်ပါ။

အားလုံးပြီးရင်တော့ သင့်ရဲ့ Home screen မှာ သင်အသစ်ပြောင်းလဲလိုက်တဲ့ app icon နဲ့ app ကို တွေ့ရမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««