iOS 14 မှာ ကိုယ် block လုပ်ထားတဲ့ အီးမေးလ်ကနေပေးပို့တဲ့ မေးလ်တွေကို အလိုအလျောက် ဖျက်ပေးအောင် ဘယ်လိုလုပ်မလဲ

သင့်အနေနဲ့ ဆက်သွယ်ပြောဆိုမှု မရှိတဲ့ အီးမေးလ်ပေးပို့သူတွေရဲ့ အီးမေးလ်တွေ မိမိမေးလ်ထဲမှာ မမြင်ချင်ဘူး ဆိုရင်တော့ block လုပ်ထားနိုင်သလို အဲဒီမေးလ်တွေကို inbox ထဲကနေ အလိုအလျောက် ဖယ်ရှားပေးဖို့ လုပ်ဆောင်ထားနိုင်ပါတယ်။ Mail app ထဲက Settings တချို့ကို ပြောင်းလဲထားလိုက်ရုံနဲ့ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ block ထားတဲ့ အီးမေးလ်လိပ်စာကနေ ပေးပို့လာတဲ့ မေးလ်တွေကို အလိုအလျောက် ဖျက်ပေးအောင် ပြုလုပ်ဖို့အတွက် ဖုန်းရဲ့ Settings app ကို ဖွင့်လိုက်ပါ။

Settings စနစ်ထဲကိုရောက်ရင်တော့ Mail ဆိုတာကို ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ THREADING ဆိုတဲ့ အပိုင်းက Blocked Sender Options ဆိုတဲ့ စာသားကို ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။

Blocked Sender Options စနစ်ထဲကိုရောက်သွားပါတယ်။ အဲဒီထဲက Leave in Inbox အစား Move to Trash ဆိုတဲ့ စာသားကို ရွေးချယ်ပေးလိုက်ပါ။

အဲလို ရွေးပေးထားလိုက်ရင်တော့ block ထားတဲ့ အီးမေးလ်ကနေ ပို့သမျှကို အချိန်တစ်ခုကြာ inbox ထဲမှာ ထားရှိပေးထားမှာ ဖြစ်ပြီး သတ်မှတ်ချိန် ကျော်လွန်တာနဲ့ အလိုအလျောက် မေးလ်ထဲကနေ ဖျက်ပေးမှာပဲ ဖြစ်ပါတယ်။ သင့်

အနေနဲ့ block ထားတဲ့ မေးလ်ကပို့တဲ့ မေးလ်တွေကို တကယ်လို့ ကြည့်ချင်ရင်တော့ Mail Boxes စနစ်ရဲ့ Trash ကနေ ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««