iOS 14 ထွက်ရှိအပြီး homescreen ပြောင်းလဲနိုင်တဲ့ app တွေ ပိုမိုအသုံးပြုလာ

iOS 14 ထွက်ရှိပြီးနောက် App Store စာရင်းမှာ home screen customization app တွေကို သုံးစွဲသူတွေ ပိုမို download ပြုလုပ်လာကြပါတယ်။

ဒါ့အပြင် စိတ်ကူးဉာဏ်ကွန့်မြူးဖို့ ရင်းမြစ်များစွာကနေ download လုပ်ဖို့ Pinterest လိုမျိုး app သုံးစွဲလာပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာ iOS 14 ထွက်ရှိအပြီး ပထမဆုံး ၄ ရက်အတွင်း ကမ္ဘာတစ်ဝန်းက home screen customization app အခု ၂၀ ကို စုစုပေါင်းအကြိမ် ၅.၇ သန်းနဲ့ download ပြုလုပ်ထားပါတယ်။ အချက်အလက်ကို App Store ဈေးကွက်အချက်အလက်ဆိုင်ရာ ကုမ္ပဏီ Sensor Tower ကထုတ်ပြန်ခဲ့ပါတယ်။

Download ပြုလုပ်မှုအများဆုံး app တွေကတော့ Widget Smith, Color widgets နဲ့ Photo Widget ဖြစ်ပြီး အကြိမ်ရေ ၅.၇ သန်းထဲမှာ download ပြုလုပ်မှု ၉၅ ရာခိုင်နှုန်း ရှိပါတယ်။ App Store ပေါ်က download ပြုလုပ်မှုအများဆုံး home screen customization app ထိပ်တန်း app ၂၀ ကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အဲဒီ app တွေကတော့ Widget smith, Color Widgets, Photo Widget, Photobox Widget, Memo Widget , Home Photo Widget, Motivation Widget, Ermine, Date Today, Hey Weather, TimeDeck, Widgeridoo, Glimpse 2, Widget Wizard, Widget Web, Locket, ItemMemo, OMDZ, Clock Widget for Home Screen နဲ့ Photo Widgets တို့ပဲဖြစ်ပါတယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««