iOS 13 beta စမ်းသပ်သူတွေ စတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ Apple Arcade

စက်တင်ဘာ ၁၉ ရက်မှာ စတင်မိတ်ဆက်ဖို့ စီစဉ်ထားတဲ့ Apple Arcade ကို iOS 13 beta ပရိုဂရမ်ကို အသုံးပြုသူတွေက သုံးနိုင်ပြီဖြစ်ပါတယ်။ iOS 13 beta မှာပါဝင်သူတွေအတွက် Apple Arcade ဟာ live ဖြစ်နေသလို လစဉ်ကြေးပေးသွင်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Apple ရဲ့ gaming ဝန်ဆောင်မှု Apple Arcade အသုံးပြုနိုင်တဲ့ အကြောင်းကို Bloomberg မှ Mark Gurman ဆိုသူက tweet လုပ်ခဲ့ပါတယ်။ Apple Arcade ဂိမ်းဝန်ဆောင်မှုကို လစဉ်ကြေးပေးသွင်းပြီး ကြော်ငြာမပါဝင်တဲ့ ဂိမ်းဒါဇင်ပေါင်းများစွာကို ကစားနိုင်ပါတယ်။ အခြားသူများအနေနဲ့ iOS 13 public beta ကိုအသုံးပြုရင် Apple Arcade ကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လစဉ်ကြေးပေးသွင်းမှု လုပ်ငန်းစဉ်ထဲမှာ အခမဲ့တစ်လ အသုံးပြုခွင့်လည်း ပါဝင်ပြီး ဂိမ်းတွေကို download လုပ်ပြီး ချက်ချင်းကစားနိုင်ပါတယ်။ Apple Arcade မှာ ဂိမ်း ၅၀ ကျော် ပါဝင်လာပါတယ်။

Apple အနေနဲ့ Apple Arcade နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်သွားပါတယ်။ အဲဒီ သတင်းအထုတ်ပြန်ချက်ကို ကုမ္ပဏီအမှုဆောင် ဖီးလ်ရှယ်လင်က twitter မှာဝေမျှခဲ့ပါတယ်။ Appl ရဲ့ ထုတ်ပြန်ချက်ထဲမှာ Apple Arcade ကို beta စမ်းသပ်သူတွေအတွက် အစောဆုံး ထုတ်လွှင့်မှုအတွက် မရှင်းလင်းထားပါဘူး။

Apple Arcade ကို iPhone, iPad, iPod touch, Apple TV နဲ့ Mac ကွန်ပျူတာတွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ သုံးစွဲသူက ထုတ်ကုန်အမျိုးမျိုးမှာ နောက်ဆုံးအသုံးပြုခဲ့တဲ့ လုပ်ဆောင်ချက်အတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းတွေအားလုံးမှာ ကြော်ငြာတွေ ဒါမှမဟုတ် in-app purchase တွေမပါဝင်ပါဘူး။ သုံးစွဲသူရဲ့ App Store ကို ဖွင့်လိုက်ပြီး Arcade tab ကိုရွေးချယ်ကာ ဂိမ်းတွေ ကစားနိုင်မှာ ဖြစ်ပါတယ်။ Apple Arcade ဆိုတဲ့ tab မှာ “Try it Free” ကိုဖွင့်ပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge