iOS 13.4 နဲ့ iPadOS 13.4 မှာ ဘာတွေပါဝင်လာလဲ

Apple ဟာ iOS 13.4 နဲ့ iPadOS 13.4 တို့ကို မိတ်ဆက်လိုက်ပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ တစ်လခွဲလောက်က developer နဲ့ public beta သုံးစွဲသူတွေအကြား တိုးချဲ့စမ်းသပ်အပြီး ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

Apple အနေနဲ့ iPhone နဲ့ iPad အဟောင်းတွေအတွက် iOS 12.4.6 ကိုဖြန့်ချိလိုက်သလို tvOS 13.4 ကိုလည်း ဖြန့်ချိလိုက်ပါတယ်။ iPadOS 13.4 မှာတော့ trackpad ထောက်ပံ့မှု ပါဝင်လာပါတယ်။ Apple ဟာ Magic Keyboard တွဲဖက်အသုံးပြုနိုင်ဖို့ အခြေခံထားပါတယ်။ Magic Keyboard ကိုတော့ မေလမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ USB ဒါမှမဟုတ် Bluetooth ထုတ်ကုန်တွေဖြစ်တဲ့ Magic Trackpad, Magic Mouse နဲ့ Logitech MX Master တို့ကို iPad နဲ့တွဲဖက်အသုံးပြုရင် trackpad ထောက်ပံ့မှုရရှိမှာ ဖြစ်ပါတယ်။

iPadOS ဟာ Mac ဆီကနေ trackpad ထောက်ပံ့မှုကို ရရှိခဲ့တာ မဟုတ်ဘဲ iPad ပုံသဏ္ဍာန်အတွက် အစအဆုံး လုပ်ကိုင်ခဲ့တယ်လို့ Apple ကပြောထားပါတယ်။ iPadOS အသစ်မှာ gesture တွေ၊ စာသားတိကျစွာ တည်းဖြတ်မှုနဲ့ အခြား feature တွေများစွာ ပါဝင်လာပါတယ်။

iOS 13.4 မှာတော့ iCloud Drive folder sharing ပါဝင်လာပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် iOS 13 မှာပါဝင်မယ်လို့ သိထားတဲ့ iCloud Drive folder sharing နှောင့်နှေးခဲ့ပြီး အခုမှပါဝင်လာတာ ဖြစ်ပါတယ်။ iCloud Drive folder sharing ဟာ Dropbox လိုမျိုး feature ဖြစ်ပြီး folder တည်ဆောက်ပြီးတာနဲ့ ဝေမျှနိုင်ပြီး folder ထဲက အရာတွေကို မြင်နိုင်ပါတယ်။ iOS 13.4 မှာ Memoji စတစ်ကာအသစ်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် iPhone နဲ့ကားတွေ ဖွင့်နိုင်ဖို့ Apple CarPlay ထဲမှာ CarKey feature အသစ်လည်း ပါဝင်လာပါတယ်။ တခြားလမ်းညွှန် app တွေနဲ့ အသုံးပြုနိုင်တဲ့ CarPlay dashboard နဲ့ dashboard ပေါ်မှာ ဖုန်းခေါ်ဆိုမှု သတင်းအချက်အလက်ကို မြင်နိုင်ပါတယ်။

အခြားပြောင်းလဲမှုတွေကတော့ Apple Arcade အတွက် universal purchase ပါဝင်လာတာ ဖြစ်ပါတယ်။ အဲဒါကတော့ iPhone, iPodTouch, iPad, Mac နဲ့ Apple TV မှာအသုံးပြုဖို့ ဝယ်ယူထားတဲ့ app နဲ့ဂိမ်းတွေကို စာရင်းနဲ့ ပြသပေးတာ ဖြစ်ပါတယ်။

-စိုးထက်
Ref: 9to5Mac/CNET