iOS 13.2 ရဲ့ ကင်မရာ app အတွင်း ဗီဒီယိုရုပ်ထွက်အရည်အသွေး ပြောင်းလဲနိုင်

Apple ဟာ အသစ်ဖြန့်ချိလိုက်တဲ့ iOS 13.2 အတွင်းက ကင်မရာ app မှာ ရုပ်ထွက်အရည်အသွေးနဲ့ frame rate ပြောင်းလဲနိုင်မယ့် option ကိုထည့်သွင်းပေးခဲ့ပါတယ်။

iPhone ပေါ်မှာ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးအရာကို ဖြေရှင်းပေးခဲ့ပါတယ်။ အဲဒီ feature ကို iPhone 11, 11 Pro နဲ့ 11 Pro Max တွေမှာ အသုံးပြုပြီ ဖြစ်ပါတယ်။ ဒါ့အပြင် iOS 13.2 မှာ Deep Fusion “sweater mode” အသစ်လည်း ပါဝင်လာပါတယ်။ အခုဆိုရင် iPhone သုံးစွဲသူတွေက settings app ကိုဝင်ပြီး ကင်မရာ menu က “record video” menu မှာ video mode နဲ့ frame rate ကိုရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။ သုံးစွဲသူက ဘယ်ဘယ်က icon toggle ကို tap လုပ်ပီး 4K နဲ့ HD (1080p) အကြား ရွေးနိုင်သလို ညာဘက်က toggle ကိုသုံးပြီး frame rate (HD ဗီဒီယိုအတွက် 30fps ဒါမှမဟုတ် 60fps ဒါမှမဟုတ် 4K အတွက် 30, 60 နဲ့ 24fps) အသီးသီး ရွေးချယ်နိုင်ပါတယ်။

စိုးထက်
Ref: TheVerge