iOS 13 အတြက္ public beta ဗားရွင္းမွာ ဘယ္လို feature သစ္ေတြပါဝင္လာသလဲ

[ Zawgyi ]

Apple ဟာ iOS 13 အတြက္ public beta ဗားရွင္းကုိ ျဖန္႔ခ်ိလိုက္ၿပီ ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ Apple ဟာ မိုဘိုင္း software ကုိ ႏွစ္ပုိင္းခြဲလိုက္ၿပီး iPhone နဲ႔ iPod touch အတြက္ iOS နဲ႔ iPad အတြက္ iPadOS တုိ႔ပဲျဖစ္ပါတယ္။

အခုဆိုရင္ လူတိုင္းဟာ beta ဗားရွင္းကို install ျပဳလုပ္ႏုိင္ၿပီ ျဖစ္ပါတယ္။ iOS 13 အတြက္ျဖန္႔ခ်ိလိုက္တဲ့ public beta ဗားရွင္းမွာ ပါဝင္တဲ့ ထိပ္တန္း feature ေတြကုိ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Dark Mode

iOS 13 အတြက္ public beta ဗားရွင္းမွာ dark mode ပါဝင္လာပါတယ္။ Apple ရဲ႕ dark mode က တစ္ပါတည္း install လုပ္ထားတဲ့ app ေတြအျပင္ third-part app ကုိလည္း dark mode အျဖစ္ ေျပာင္းေပးပါတယ္။ ဒါ့အျပင္ app ေတြရဲ႕ေနာက္ခံေတြကုိ အနက္ေရာင္အျဖစ္ ေျပာင္းလဲေပးတဲ့အတြက္ OLED မ်က္ႏွာျပင္ေတြမွာ ဘက္ထရီသက္သာေစပါတယ္။ Apple ရဲ႕ dark theme က dock နဲ႔ သတိေပးခ်က္ေတြအတြက္ မွန္သားအေနအထားမွာပါ ေျပာင္းလဲေပးပါတယ္။

Apple ရဲ႕ Dark mode က Apple Store app နဲ႔ iWork suite ေတြမွာေတာ့ ေထာက္ပံ့ထားျခင္း မရွိပါဘူး။ သုံးစြဲသူက dark mode ကုိ အခ်ိန္အလိုက္ အလိုအေလ်ာက္ျဖစ္ေနေအာင္ အဖြင့္၊ အပိတ္ လုပ္ထားႏိုင္သလုိ ေနထြက္၊ ေနဝင္ခ်ိန္အတိုင္းလည္း သတ္မွတ္ထားႏိုင္ပါတယ္။ ဒါမွမဟုတ္ Control Center toggle ကေနလည္း အဖြင့္၊ အပိတ္လုပ္ႏိုင္ပါတယ္။

(၂) Photos

Apple က Photos app မွာျပဳလုပ္ခဲ့တဲ့ အေျပာင္းအလဲတစ္ခုက view mode အသစ္ျဖစ္ၿပီး ဓာတ္ပုံေတြကုိ ရက္၊ လ ဒါမွမဟုတ္ ႏွစ္အလိုက္ စီစဥ္ၾကည့္႐ႈႏိုင္ပါတယ္။

ဒါ့အျပင္ Photos မွာ တည္းျဖတ္ႏိုင္တဲ့ tool ေတြပါဝင္လာပါတယ္။ သုံးစြဲသူက brilliance, highlights, shadows, contrast, saturation, white balance, sharpness, definition, vignette နဲ႔ noise reduction တို႔ကုိ တည္းျဖတ္ႏိုင္ပါတယ္။ Photos ရဲ႕ UI ကလည္း႐ိုးရွင္းၿပီး slider ကေန effect ကုိ ခ်ိန္ညိႇ တည္းျဖတ္ႏိုင္ပါတယ္။

(၃) Apple Maps

Apple Maps ဟာ ဆုိးဝါးတဲ့မိတ္ဆက္မႈအၿပီးမွာ ေဝဖန္ခံေနရၿပီး Google Maps ကုိမယွဥ္ႏိုင္တာ ၾကာျမင့္ေနတာေၾကာင့္ လူေတြက ေဝဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။ အခုဆိုရင္ Apple ဟာ iOS 13 အတြက္ Maps app သစ္တစ္ခုလုံးကုိ ျပဳလုပ္ခဲ့ပါတယ္။

Apple Maps အသစ္ဟာ ေကာင္းမြန္ေပမယ့္ Maps အေဟာင္းထက္ data ပုိမ်ားပါတယ္။ ဒါ့အျပင္ Maps ထဲက home, work နဲ႔ favourite stores ဒါမွမဟုတ္ restauratns အတြက္ စိတ္ႀကိဳက္ icon ေတြလည္း ပါဝင္လာပါတယ္။ သုံးစြဲသူက ေနရာကုိ စုစည္းၿပီး ေဝမွ်ႏိုင္ဖို႔ feature မ်ားစြာပါဝင္လာပါတယ္။

Apple ဟာ ေျမပုံနဲ႔ လမ္းညႊန္ျပသတဲ့ ပုံစံကုိ အဆင့္ျမႇင့္တင္မႈ ႀကီးမားစြာျပဳလုပ္ထားပါတယ္။ အခ်ိန္နဲ႔တစ္ေျပးညီ သြားလာေနတဲ့သယ္ယူပုိ႔ေဆာင္ေရး ခန္႔မွန္းအခ်ိန္နဲ႔ Google Street View လိုမ်ိဳး mode ကိုလည္း Apple Maps မွာ ထည့္သြင္းထားပါတယ္။ CarPlay အတြက္ ႀကီးမားတဲ့ ေထာက္ပံ့မႈကိုလည္း Apple ကအဆင့္ျမွင့္တင္ခဲ့ပါတယ္။

(၄) Reminders

Apple ရဲ႕ Reminders app အသစ္မွာ feature မ်ားစြာပါဝင္ၿပီး အေျခခံ feature ေတြျဖစ္တဲ့ တစ္ေန႔တာအခ်ိန္၊ flag နဲ႔ အခ်ိန္စီစဥ္တာေတြအျပင္ ပုိမုိ႐ႈပ္ေထြးတဲ့ geofences, times ဒါမွမဟုတ္ pictures to reminders လိုမ်ိဳးအတြက္ quick menu ပါဝင္လာပါတယ္။ Reminders app အသစ္မွာ Siri ပါဝင္မႈ ပုိမုိမ်ားျပားပါတယ္။ သုံးစြဲသူက ႐ိုက္လုိက္တဲ့စာသားေတြကို မွတ္သားထားၿပီး Reminder လုပ္ေဆာင္ခ်က္အျဖစ္ အသြင္ေျပာင္းေပးပါတယ္။

(၅) အျခား feature မ်ား

-Find My မွာ Find My iPhone နဲ႔ Find My Friends ကုိေပါင္းစပ္ထားပါတယ္။ အဲဒီ feature မွာပါဝင္တဲ့ Bluetooth ေျခရာခံမႈကလည္း အသုံးဝင္ပါတယ္။

-ျမန္ႏႈန္းအဆင့္ျမႇင့္တင္ထားၿပီး OS တစ္ခု ပုိုမိုျမန္ဆန္သင့္ၿပီး app ေတြဖြင့္ရာမွာလည္း ျမန္ဆန္ကာ download ေတြကလည္း ေနရာသိပ္မယူဘူးလို႔ Apple ကေျပာထားပါတယ္။

-iOS 13 ရဲ႕ swiping keyboard ကလည္း အလြန္ေကာင္းမြန္ၿပီး ခန္႔မွန္းမႈေတြ မွန္ကန္ကာ swipe လုပ္တာ ျမန္ဆန္ပါတယ္။

-Apple အေနနဲ႔ အသံအတိုးအက်ယ္ ဒီဇိုင္းကို ျပန္လည္ျပင္ဆင္ထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ဘယ္ဘက္မွာပဲ ေသးငယ္တဲ့ slider ေလးေပၚလာတာ ျမင္ေတြ႕ရမွာပါ။

-Health app ကလည္း ပုိမိုပါးနပ္လာၿပီး အခ်ိန္နဲ႔တစ္ေျပးညီ ကိုယ္လက္ႀကံ့ခိုင္ေရး အလားအလာေတြ ျပသေပးပါတယ္။

-Memoji ေတြကုိလည္း စိတ္ႀကိဳက္ျပင္ဆင္ႏိုင္ပါတယ္။ သီးသန္႔လုပ္ထားတဲ့ emoji ကုိ စတစ္ကာအျဖစ္ Apple က ေျပာင္းလဲခြင့္ျပဳထားပါတယ္။ အဲဒီ Memoji ေတြက အသုံးဝင္လာၿပီး အျခားသူေတြဆီ message ေပးပုိ႔ႏိုင္ပါတယ္။

-စိုးထက္
Ref: TheVerge

[ Unicode ]

Apple ဟာ iOS 13 အတွက် public beta ဗားရှင်းကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Apple ဟာ မိုဘိုင်း software ကို နှစ်ပိုင်းခွဲလိုက်ပြီး iPhone နဲ့ iPod touch အတွက် iOS နဲ့ iPad အတွက် iPadOS တို့ပဲဖြစ်ပါတယ်။

အခုဆိုရင် လူတိုင်းဟာ beta ဗားရှင်းကို install ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ iOS 13 အတွက်ဖြန့်ချိလိုက်တဲ့ public beta ဗားရှင်းမှာ ပါဝင်တဲ့ ထိပ်တန်း feature တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) Dark Mode

iOS 13 အတွက် public beta ဗားရှင်းမှာ dark mode ပါဝင်လာပါတယ်။ Apple ရဲ့ dark mode က တစ်ပါတည်း install လုပ်ထားတဲ့ app တွေအပြင် third-part app ကိုလည်း dark mode အဖြစ် ပြောင်းပေးပါတယ်။ ဒါ့အပြင် app တွေရဲ့နောက်ခံတွေကို အနက်ရောင်အဖြစ် ပြောင်းလဲပေးတဲ့အတွက် OLED မျက်နှာပြင်တွေမှာ ဘက်ထရီသက်သာစေပါတယ်။ Apple ရဲ့ dark theme က dock နဲ့ သတိပေးချက်တွေအတွက် မှန်သားအနေအထားမှာပါ ပြောင်းလဲပေးပါတယ်။

Apple ရဲ့ Dark mode က Apple Store app နဲ့ iWork suite တွေမှာတော့ ထောက်ပံ့ထားခြင်း မရှိပါဘူး။ သုံးစွဲသူက dark mode ကို အချိန်အလိုက် အလိုအလျောက်ဖြစ်နေအောင် အဖွင့်၊ အပိတ် လုပ်ထားနိုင်သလို နေထွက်၊ နေဝင်ချိန်အတိုင်းလည်း သတ်မှတ်ထားနိုင်ပါတယ်။ ဒါမှမဟုတ် Control Center toggle ကနေလည်း အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။

(၂) Photos

Apple က Photos app မှာပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတစ်ခုက view mode အသစ်ဖြစ်ပြီး ဓာတ်ပုံတွေကို ရက်၊ လ ဒါမှမဟုတ် နှစ်အလိုက် စီစဉ်ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် Photos မှာ တည်းဖြတ်နိုင်တဲ့ tool တွေပါဝင်လာပါတယ်။ သုံးစွဲသူက brilliance, highlights, shadows, contrast, saturation, white balance, sharpness, definition, vignette နဲ့ noise reduction တို့ကို တည်းဖြတ်နိုင်ပါတယ်။ Photos ရဲ့ UI ကလည်းရိုးရှင်းပြီး slider ကနေ effect ကို ချိန်ညှိ တည်းဖြတ်နိုင်ပါတယ်။

(၃) Apple Maps

Apple Maps ဟာ ဆိုးဝါးတဲ့မိတ်ဆက်မှုအပြီးမှာ ဝေဖန်ခံနေရပြီး Google Maps ကိုမယှဉ်နိုင်တာ ကြာမြင့်နေတာကြောင့် လူတွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင် Apple ဟာ iOS 13 အတွက် Maps app သစ်တစ်ခုလုံးကို ပြုလုပ်ခဲ့ပါတယ်။

Apple Maps အသစ်ဟာ ကောင်းမွန်ပေမယ့် Maps အဟောင်းထက် data ပိုများပါတယ်။ ဒါ့အပြင် Maps ထဲက home, work နဲ့ favourite stores ဒါမှမဟုတ် restauratns အတွက် စိတ်ကြိုက် icon တွေလည်း ပါဝင်လာပါတယ်။ သုံးစွဲသူက နေရာကို စုစည်းပြီး ဝေမျှနိုင်ဖို့ feature များစွာပါဝင်လာပါတယ်။

Apple ဟာ မြေပုံနဲ့ လမ်းညွှန်ပြသတဲ့ ပုံစံကို အဆင့်မြှင့်တင်မှု ကြီးမားစွာပြုလုပ်ထားပါတယ်။ အချိန်နဲ့တစ်ပြေးညီ သွားလာနေတဲ့သယ်ယူပို့ဆောင်ရေး ခန့်မှန်းအချိန်နဲ့ Google Street View လိုမျိုး mode ကိုလည်း Apple Maps မှာ ထည့်သွင်းထားပါတယ်။ CarPlay အတွက် ကြီးမားတဲ့ ထောက်ပံ့မှုကိုလည်း Apple ကအဆင့်မြှင့်တင်ခဲ့ပါတယ်။

(၄) Reminders

Apple ရဲ့ Reminders app အသစ်မှာ feature များစွာပါဝင်ပြီး အခြေခံ feature တွေဖြစ်တဲ့ တစ်နေ့တာအချိန်၊ flag နဲ့ အချိန်စီစဉ်တာတွေအပြင် ပိုမိုရှုပ်ထွေးတဲ့ geofences, times ဒါမှမဟုတ် pictures to reminders လိုမျိုးအတွက် quick menu ပါဝင်လာပါတယ်။ Reminders app အသစ်မှာ Siri ပါဝင်မှု ပိုမိုများပြားပါတယ်။ သုံးစွဲသူက ရိုက်လိုက်တဲ့စာသားတွေကို မှတ်သားထားပြီး Reminder လုပ်ဆောင်ချက်အဖြစ် အသွင်ပြောင်းပေးပါတယ်။

(၅) အခြား feature များ

-Find My မှာ Find My iPhone နဲ့ Find My Friends ကိုပေါင်းစပ်ထားပါတယ်။ အဲဒီ feature မှာပါဝင်တဲ့ Bluetooth ခြေရာခံမှုကလည်း အသုံးဝင်ပါတယ်။

-မြန်နှုန်းအဆင့်မြှင့်တင်ထားပြီး OS တစ်ခု ပိုုမိုမြန်ဆန်သင့်ပြီး app တွေဖွင့်ရာမှာလည်း မြန်ဆန်ကာ download တွေကလည်း နေရာသိပ်မယူဘူးလို့ Apple ကပြောထားပါတယ်။

-iOS 13 ရဲ့ swiping keyboard ကလည်း အလွန်ကောင်းမွန်ပြီး ခန့်မှန်းမှုတွေ မှန်ကန်ကာ swipe လုပ်တာ မြန်ဆန်ပါတယ်။

-Apple အနေနဲ့ အသံအတိုးအကျယ် ဒီဇိုင်းကို ပြန်လည်ပြင်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ဘယ်ဘက်မှာပဲ သေးငယ်တဲ့ slider လေးပေါ်လာတာ မြင်တွေ့ရမှာပါ။

-Health app ကလည်း ပိုမိုပါးနပ်လာပြီး အချိန်နဲ့တစ်ပြေးညီ ကိုယ်လက်ကြံ့ခိုင်ရေး အလားအလာတွေ ပြသပေးပါတယ်။

-Memoji တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ သီးသန့်လုပ်ထားတဲ့ emoji ကို စတစ်ကာအဖြစ် Apple က ပြောင်းလဲခွင့်ပြုထားပါတယ်။ အဲဒီ Memoji တွေက အသုံးဝင်လာပြီး အခြားသူတွေဆီ message ပေးပို့နိုင်ပါတယ်။

Ref: TheVerge