iOS 13 ရဲ့ Dark Mode ကို ဘယ်လိုသုံးမလဲ

Apple ရဲ့ မိုဘိုင်း Operating System ဖြစ်တဲ့ iOS 13 က ထွက်လာပါပြီ။ iOS 13 မှာပါတဲ့ လုပ်ဆောင်ချက် နည်းပညာသစ်တွေ များစွာထဲက Dark Mode လုပ်ဆောင်ချက်ကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ macOS မှာ အရင် မိတ်ဆက်ခဲ့တဲ့ Operating System တစ်ခုလုံးကို အနက်ရောင်ကာလာနဲ့ အသုံးပြုနိုင်ခဲ့တဲ့ Dark Mode က iOS 13 မှာရော ဘယ်လိုမျိုးဖြစ်မလဲ ဆိုတာ ကိုယ်တိုင် စမ်းသပ်သုံးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Dark mode သုံးတာက ပုံမှန် ထည့်ပေးလိုက်တဲ့ အော်ရီဂျင်နယ် မူလအတိုင်းက မကောင်းလို့တော့ မဟုတ်ပါဘူး။ ဖုန်းမြင်ကွင်းကို အချိန်ကြာကြာ ကြည့်ရှု အသုံးပြုမှုနဲ့ ညပိုင်းတွေမှာ ဖုန်းရဲ့အလင်းရောင် မျက်လုံးထိခိုက်မှုကို လျော့နည်းစေဖို့အတွက် Dark mode ကို ပြောင်းလဲအသုံးပြုကြတာဖြစ်ပါတယ်။ မိမိရဲ့ iPhone မှာ iOS 13 ကို install လုပ်လိုက်ရင်တော့ မူလ standard Light Mode နဲ့ Dark Mode တစ်ခုကို ရွေးချယ်ဖို့ ပြောပါလိမ့်မယ်။ မိမိအနေနဲ့ မရွေး ခဲ့ရင်လည်း ခုနည်းအတိုင်း Dark Mode ကို အသုံးပြုနိုင်မှာပါ။

အရင်ဆုံး ဖုန်းရဲ့ Settings app ကို တစ်ချက်နှိပ်လိုက်ပါ။ Settings စနစ်ထဲကို ရောက်သွားရင်တော့ Display & Brightness ဆိုတာကို ရှာပြီး ထပ်နှိပ်လိုက်ပါ။

Display & Brightness စနစ်ထဲကိုရောက်သွားရင်တော့ အပေါ်ဆုံးမှာပဲ Light နဲ့ Dark ဆိုပြီး တွေ့ပါမယ်။ Dark ဆိုတာမှာ အမှန်ချစ်လေးဖြစ်အောင် ရွေးပေးလိုက်ပါ။

အဲလိုရွေးလိုက်ရင်တော့ နေဝင်ချိန်ကနေ နေထွက်ချိန် (Sunset to Sunrise) အထိ အသုံးပြုမှာလား ဆိုတာနဲ့ မိမိအနေနဲ့ Dark mode ကို အချိန် သီးသန့်ကန့်သတ်ချက် (Custom Schedule) တစ်ခုနဲ့ သုံး မလားဆိုပြီး ထပ်မံရွေးခိုင်းပါမယ်။

မိမိရဲ့ အသုံးပြုချင်တဲ့အပေါ် မူတည်ပြီး ရွေးချယ်ပေးထားမယ် ဆိုရင်တော့ မိမရွေးချယ်မှုပေါ်မူ တည်ကာ Dark mode ကို ဖုန်းကနေ အလိုအလျောက် အဖွင့် အပိတ် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အဲလိုမျိုး ပုံမှန်ကြီး မသုံးချင်ဘူး။ လိုအပ်တဲ့အခါမှ ချက်ချင်း ပြောင်းသုံးမယ်ဆိုရင်တော့ မိမိအ နေနဲ့ ဖုန်းရဲ့ Brightness icon လေးကို စက္ကန့်အနည်းငယ်ဖိထားပြီး Dark mode ကို မိမိ အသုံးပြုချင်တဲ့အခါတိုင်း enabling/disabling အဖွင့် အပိတ်လုပ်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း