iOS 13 ရဲ့ အသံနဲ့ခိုင်းစေတဲ့ Voice Control စနစ်ကို ဘယ်လိုသုံးမလဲ

iOS 13 မှာ အသစ်ပါဝင်လာတဲ့ အသံထိန်းချုပ်အသုံးပြုတဲ့ Voice Control ကို အသုံးပြုပြီး ဖုန်းကို မိမိအနေနဲ့ အပြည့်အဝ ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုပြီး ဖုန်းမြင်ကွင်းပေါ်က လုပ်ဆောင်ချက် မှန်သမျှကို မိမိရဲ့ အသံနဲ့ပဲ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားနိုင်မှာဖြစ်ပါတယ်။ Apple Voice Assistant က အသုံးဝင်ပေမယ့် ဖုန်းတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်မှု လုပ်နိုင်တာကတော့ ခုပါဝင်လာတဲ့ Voice Control စနစ်ဖြစ်ပါတယ်။

အရင်ဆုံး ဒီစနစ်ကို ဖွင့်ဖို့အတွက် ဖုန်းရဲ့ Settings ထဲက Accessibility ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Voice Contorl ကို ရှာပြီး နှိပ်ပါ။

ပြီးရင်တော့ Set Up Voice Control ကို ထပ်နှိပ်ပါ။ အဲလိုနှိပ် လိုက်ရင်တော့ မိမိအသုံးပြုနိုင်မယ့် အမိန့်ပေးစကားစုစာရင်းကို ပြပါလိမ့်မယ်။

Continue ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။ ဒါဆိုရင်တော့ Voice Control စနစ်ကို ဖွင့်ပြီးသွားပြီဖြစ်ပါတယ်။ ဖုန်းရဲ့ အပေါ်ဘောင် အသိပေးချက်ပြတဲ့နေရာနား မိုက်ပုံလေးပေါ်လာမှာ ဖြစ်ပါတယ်။

မိမိအနေနဲ့ ကိုယ်ပိုင်သီးသန့် အမိန့်ပေးစကားစုကို ထည့်သွင်း အသုံးပြုချင်ရင်တော့ Customize Commands ဆိုတဲ့နေရာကိုနှိပ်ပြီး Create New Command ကတစ်ဆင့် မိမိစိတ်ကြိုက် အမိန့်ပေးအသံကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

အဲဒီမှာ မိမိအနေနဲ့ အသုံးမပြုချင်တဲ့ အမိန့်ပေးစကားစုကိုလည်း ဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။ မိမိ အမိန့်ပေးတဲ့ စကားစုကို အတည်ပြုမလား ဆိုတဲ့ တောင်းဆိုချက် ထပ်မံထည့်သွင်းမယ်ဆိုရင်တော့ Confirmation Required ဆိုတဲ့ ခလုတ်လေးကို ဖွင့်ထားပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မိမိအနေနဲ့ အသံနဲ့ ခိုင်းစေတဲ့အခါတိုင်း အတည်ပြုပေးဖို့ အသိပေးချက် ပေါ်လာမှာဖြစ်ပါတယ်။

နောက်တစ်ခုက မိမိအနေနဲ့ Customize Commands တွေ အသုံးပြုဖို့အတွက် Vocabulary ဝေါဟာရသစ်တွေကို ထပ်မံ ထည့်သွင်းအသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Voice Control ထဲက Vocabulary စနစ်ထဲကိုရောက်ရင်တော့ ပုံမှာပြထားတဲ့ ( + ) သင်္ကေတလေးကို နှိပ်ပြီး မိမိစိတ်ကြိုက် အသံခိုင်းစေချက်ကို ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း