iOS 13 မှာ WMV ဖိုင်တွေ ဘယ်လိုဖွင့်မလဲ

iOS အသုံးပြုသူတွေ အနေနဲ့ WMV လို့ လူသိများတဲ့ Windows Media Video ကဲ့သို့သော ဖိုင်အမျိုးအစားတွေကို ဖုန်းမှာ ဖွင့်ဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ခုဖော်ပြပေးမယ့် နည်းလမ်းကို အသုံးပြု ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

WMV ဖိုင်အမျိုးအစားက Microsoft စံ ဖိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ iPhone နဲ့ iPad ပေါ်မှာ WMV ဖိုင်တွေ ကို ဖွင့်နိုင်ဖို့ဆိုရင် အခမဲ့ ရယူနိုင်တဲ့ PlayerXtreme Media Player App ကို အသုံးပြုရမှာဖြစ်ပါတယ်။ iOS 13 မှာ PlayeXtreme ကို ဖုန်းထဲ ထည့်သွင်းပြီးရင်တော့ အလွယ်တကူပဲ WMV ဖိုင်တွေကို ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အဲဒီ App ကို မသုံးချင်ဘူးဆိုရင်တော့ VLC App ကို အသုံးပြုနိုင်ပါသေးတယ်။

ခုဖော်ပြပေးမယ့်နည်းက PlayerXtreme ကို အသုံးပြုကာ ဖော်ပြပေးမှာဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းထဲမှာ PlayerXtreme App မရှိသေးရင် App Store မှာရှာပြီး ဖုန်းထဲကို install လုပ်လိုက်ပါ။

မိမိအနေနဲ့ ဖုန်းထဲကို download ပြုလုပ်ထားတဲ့ WMV ဖိုင်ကို ဖွင့်ချင်ရင်တော့ အောက်ပါအဆင့်အတိုင်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အရင်ဆုံး မိမိ download လုပ်ထားတဲ့ ဖိုင်ရှိတဲ့ Download ဖိုင်စနစ်ထဲကို သွားလိုက်ပါ။ မိမိဖွင့်ချင်တဲ့ ဖိုင်ကို ရွေးချယ်ပြီးရင်တော့ မြင်ကွင်းဘက်အောက်ထောင့်နားက Share Sheet icon ကို တစ်ချက်နှိပ်လိုက်ပါ။

မည်သည့် App ကို အသုံးပြုမှာလဲဆိုတဲ့ ဘောက်တစ်ခု ပေါ်လာပါမယ်။ မိမိအနေနဲ့ PlayerXtreme App ကို ရှာပြီး ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ PlayerXtreme App မတွေ့ရင်တော့ ပုံမှာပြထားတဲ့အတိုင်း အစက်သုံးခု တွေ့ရင် icon လေးကို တစ်ချက်နှိပ်ပြီး ထပ်ရှာပါ။ တွေ့ရင်တော့ “ Copy to PlayerXtreme” ဆိုတာကို နှိပ်ပေးလိုက်ပါ။

အဲလို နှိပ်လိုက်ရင်တော့ မိမိရွေးခဲ့တဲ့ ဖိုင်ကို ကြည့်ရှုဖို့အတွက် “Play”, “Save & Play”, “Save Only”, “Cancel” ဆိုပြီး ရွေးချယ်စရာလေးခု ပေါ်လာပါမယ်။ Play ဆိုတာကို နှိပ်လိုက်ပါ။

“ Play” ကို နှိပ်လိုက်ရင်တော့ WMV ဖိုင် PlayerXtreme App မှာ ပွင့်လာမှာဖြစ်ပါတယ်။

မိမိအနေနဲ့ iOS 13 မှာ ဒီနည်းအတိုင်း ဖုန်းထဲက အခြား WMV ဗီဒီယိုဖိုင်တွေကိုလည်း ကြည့်နိုင်မှာဖြစ်ပါတယ်။