iOS 13 မှာ Instagram အတွက် Dark Mode ထောက်ပံ့မှုပါဝင်လာ

iOS 13 ကို အများပြည်သူဆီ ဖြန့်ချိလိုက်ပြီး ၃ ပတ်လောက်အကြာမှာ Instagram အတွက် Drak Mode ထောက်ပံ့မှုကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ Instagram ဒီဇိုင်းသစ်က မီးခိုးနဲ့ အနက်ကို ရောထားပြီး iOS 13 စနစ်အတွင်းက setting နဲ့ကိုက်ညီအောင် ပြုလုပ်ထားပါတယ်။

Instagram ရဲ့ Dark Mode လုပ်ဆောင်ချက်ဟာ iOS 13 နဲ့ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် iOS 13 သုံးစွဲသူရဲ့ system setting အပေါ်အခြေခံ light နဲ့ dark ဒီဇိုင်းအကြား ပြောင်းလဲအသုံးပြုတဲ့အခါ Instagram က အလိုအလျောက် ပြောင်းပေးမှာ ဖြစ်ပါတယ်။Facebook ဟာ Dark mode ကို Instagram မှာထောက်ပံ့ပေးမယ့် Facebook မှာတော့ မထောက်ပံ့သေးပါဘူး။

iOS အတွက် Instagram ကို App Store ကနေ အခမဲ့ download ပြုလုပ်နိုင်ပါတယ်။ Instagram အတွက် Dark Mode ထောက်ပံ့မှုကို ဖြန့်ချိမှုပြုလုပ်နေပါတယ်။

စိုးထက်
Ref: 9to5Mac