iOS 13 မှာပါဝင်လာတဲ့ Apple Message လုပ်ဆောင်ချက် (၇) ခု

Apple ရဲ့ iOS 13 နဲ့ iPadOS သစ်တွေမှာ messaging app အတွက် လုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းထားပါတယ်။ Message ထဲမှာ နာမည်နဲ့ ဓာတ်ပုံဝေမျှတာအပြင် ရှာဖွေမှုမျိုးစုံ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် memoji ကိုစိတ်ကြိုက်ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေလည်း ပါဝင်လာပါတယ်။ iOS 13.2 နဲ့အထက် အဆင့်မြှင့်တင်ထားရင် Siri ကနားကြပ်ကနေ တစ်ဆင့် message အသစ်တွေကို ဖတ်ပြနိုင်ပါတယ်။

နာမည်နဲ့ ဓာတ်ပုံဝေမျှခြင်း

Settings > Messages ကိုသွားပြီး သုံးစွဲသူက အမည်နဲ့ ဓာတ်ပုံကို set up လုပ်နိုင်ပါတယ်။ အချက်အလက် ဖြည့်သွင်းဖို့ Name and Photo ကို tap လုပ်ပြီး Name and Photo ကိုရွေးချယ်ပေးပါ။ အသုံးပြုမယ့်ဓာတ်ပုံကို library ကနေလည်း ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူကိုယ်တိုင် ဖန်တီးထားတဲ့ memoji ကို ရွေးချယ်နိုင်သလို ဓာတ်ပုံအတွက် အရောင်နဲ့ filter ကိုအသုံးပြုနိုင်ပါတယ်။ Apple ID နဲ့ contact ကတ်အတွက် နာမည်နဲ့ ဓာတ်ပုံကို အသုံးပြုနိုင်ပါတယ်။ Share Automatically ထဲမှာ contact နဲ့ဓာတ်ပုံတွေကို အလိုလျောက်ဝေမျှနိုင်ပါတယ်။

ရှာဖွေမှု

Messages အဓိက မျက်နှာပြင်ကနေ swipe down လုပ်လိုက်ရင် ရှာဖွေမှုလုပ်နိုင်မယ့် နေရာကို တွေ့ရပါမယ်။ အဲဒီ app က contacts, links, photos, locations နဲ့ attachments အပါအဝင် အရာများစွာကို ဖော်ပြပေးပါတယ်။ သုံးစွဲသူက လူတွေ၊ စကားပြောဆိုမှု၊ လင့်ခ်နဲ့ attachment တွေများစွာကို ရှာဖွေနိုင်ပါတယ်။

အချက်အလက်များစွာကို စစ်ထုတ်ခြင်း

သုံးစွဲသူက စကားပြောဆိုမှုတစ်ခုက Info icon ကိုနှိပ်ပြီး အချက်အလက်ကို ရှာဖွေနိုင်ပါတယ်။ သုံးစွဲသူက စကားပြောဆိုထားတဲ့ message တစ်ခုကိုနှိပ်ပါ။ ထိပ်ဆုံးက လူနာမည်ကို tap လုပ်ပြီး Info icon ကိုနှိပ်ပါတယ်။ အဲဒီ လူပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ လင့်ခ်တွေနဲ့ အခြားအရာတွေ ရှာဖွေနိုင်ပါတယ်။ See All Phtos နဲ့ See All Links ဆက်စပ်တဲ့ content ကိုမြင်ရမှာပါ

Memoji အသစ်ဖန်တီးခြင်း

iPhone နဲ့ iPad မှာ memoji တစ်ခုကို ပြည့်စုံစွာ ဖန်တီးဖို့သွား၊ ဦးထုပ်နဲ့ အခြားအစိတ်အပိုင်းတွေများစွာ ပါဝင်လာပါတယ်။ Message မှာတော့ icon toolbar ကိုဖော်ပြဖို့ Apple icon ကို tap လုပ်ရပါမယ်။ ပြီတော့ Animoji အတွက် icon ကိုနှိပ်ပါ။ ဘယ်ဘက်ကို swipe လုပ်လိုက်ရင် Memoji အသစ်အတွက် ခလုတ်တွေမြင်ရမှာ ဖြစ်ပါတယ်။

သီးသန့်စတစ်ကာတွေအဖြစ် Memoji ကိုအသုံးပြုခြင်း

သုံးစွဲသူက ဖန်တီးထားတဲ့ animoji နဲ memoji အားလုံးအတွက် စတစ်ကာကို ထည့်သွင်းနိုင်ပါတယ်။ Message တစ်ခုထဲမှာ Apple icon ကိုနှိပ်ပြီး Sticker icon ကိုနှိပ်တဲ့အခါ ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ memoji ကိုတွေကို တွေ့ရပါမယ်။ အဲဒီ memoji ကို message အဖြစ်အသုံးပြုနိုင်ပါတယ်။

Messages ကိုကြေညာနိုင်တဲ့ Siri

Siri က AirPods, AirPods Pro နဲ့ ထောက်ပံ့ထားတဲ့ Beats နားကြပ် ကတစ်ဆင့် text message တွေကို ကြေညာနိုင်ပါတယ်။ အခု feature ကိုအသုံးပြုဖို့ Settings> Siri & Search > Announce Messages ဆိုတဲ့ settings ကိုဖွင့်ရပါမယ်။ အဲဒီလုပ်ဆောင်ချက်ထဲမှာ ဘယ်လို message တွေကို ကြေညာမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။

QuickPath Keyboard

iOS 13 နဲ့ iPadOS အတွင်းမိတ်ဆက်ခဲ့တဲ့ QuickPath keyboard ဟာ စာရိုက်တဲ့ အရှိန် မြှင့်တင်ပေးနိုင်ပါတယ်။ သုံးစွဲသူခလုတ်တစ်ခုချင်းစီကို tap လုပ်စရာမလိုဘဲ အက္ခရာတစ်လုံးကနေ တစ်လုံး drag လုပ်နိုင်ပါတယ်။

စိုးထက်
Ref: PCMag