iOS 12 မွာ Software update ကို အလိုအေလ်ာက္လုပ္ေအာင္ ဘယ္လုိလုပ္မလဲ

[ Zawgyi ]

iOS 12 မွာ မိမိရဲ႕ iPhone ဒါ မွမဟုတ္ iPad ေတြကို Download နဲ႔ install update ေတြကို အလိုအေလ်ာက္လုပ္ေအာင္ လုပ္ေဆာင္ ထားႏုိင္ပါတယ္။ ဒါက ေတာ့ iOS 12 မွာ အသစ္ပါဝင္လာတဲ့ လုပ္ေဆာင္ခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ ဒီစနစ္ကို ဖုန္း ရဲ႕ Settings စနစ္ထဲမွာ အလြယ္တကူ ျပဳလုပ္ႏုိင္ပါတယ္။

Software ေတြကို အလုိအေလ်ာက္ Download နဲ႔ install update လုပ္ဖို႔အတြက္ အရင္ဆုံး မိမိရဲ႕ဖုန္း ဒါမွမဟုတ္ iPad ထဲက Settings icon ကို ႏွိပ္ပါ။

Settings စနစ္ထဲကိုေရာက္ သြားရင္ေတာ့ General ဆိုတဲ့ စာသားကိုႏွိပ္လုိက္ပါ။

General စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ အဲဒီထဲကမွ Software Update ဆိုတဲ့စာသားကို ႏွိပ္လုိက္ပါ။

Software Upade စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ အဲဒီထဲက မွ iOS 12 မွာ အသစ္ပါ၀င္လာတဲ့ Automatic Updates ဆိုတဲ့ စာသားေဘးနားက Off ဆိုတဲ့ စာသားေနရာေလးကို ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံထဲကအတုိင္း ခလုတ္ေလးပြင့္ေနတဲ့ ပုံစံမ်ဳိးျဖစ္သြားမွာ ျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ မိမိရဲ႕ဖုန္း ဒါမွ မဟုတ္ iPad မွာ Software update အသစ္တုိင္းကို အလိုအေလွ်ာက္ Download ကာ မိမိရဲ႕ Device မွာ install လုပ္ေပးမွာ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို အသုံးျပဳဖို႔အတြက္ကေတာ့ အရင္ဆုံးမိမိရဲ႕ ဖုန္း ဒါမွမဟုတ္ iPad မွာ iOS 12 ကို update လုပ္ ထည့္သြင္းထားရမွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicodt ]

iOS 12 မှာ မိမိရဲ့ iPhone ဒါ မှမဟုတ် iPad တွေကို Download နဲ့ install update တွေကို အလိုအလျောက်လုပ်အောင် လုပ်ဆောင် ထားနိုင်ပါတယ်။ ဒါက တော့ iOS 12 မှာ အသစ်ပါဝင်လာတဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီစနစ်ကို ဖုန်း ရဲ့ Settings စနစ်ထဲမှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

Software တွေကို အလိုအလျောက် Download နဲ့ install update လုပ်ဖို့အတွက် အရင်ဆုံး မိမိရဲ့ဖုန်း ဒါမှမဟုတ် iPad ထဲက Settings icon ကို နှိပ်ပါ။

Settings စနစ်ထဲကိုရောက် သွားရင်တော့ General ဆိုတဲ့ စာသားကိုနှိပ်လိုက်ပါ။

General စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီထဲကမှ Software Update ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

Software Upade စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီထဲက မှ iOS 12 မှာ အသစ်ပါ၀င်လာတဲ့ Automatic Updates ဆိုတဲ့ စာသားဘေးနားက Off ဆိုတဲ့ စာသားနေရာလေးကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံထဲကအတိုင်း ခလုတ်လေးပွင့်နေတဲ့ ပုံစံမျိုးဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ မိမိရဲ့ဖုန်း ဒါမှ မဟုတ် iPad မှာ Software update အသစ်တိုင်းကို အလိုအလျှောက် Download ကာ မိမိရဲ့ Device မှာ install လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက်ကတော့ အရင်ဆုံးမိမိရဲ့ ဖုန်း ဒါမှမဟုတ် iPad မှာ iOS 12 ကို update လုပ် ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း