iOS 11.4.1 သံုးထားတဲ့ iPhone နဲ႔ iPad မွာ USB Restricted Mode ကို enable လုပ္နည္း

Apple ရဲ႕ iPhone ေတြဟာ TouchID ဒါမွမဟုတ္ FaceID နဲ႔ passcode တစ္ခုကိုသံုးၿပီး ကာကြယ္ထားတဲ့အခါ အေတာ့္ကို လံုၿခံဳေနပါၿပီ။ ဒါေပမဲ့လည္း အထူးဖန္တီးထားတဲ့ USB tool ေတြကို lightning port မွာတပ္ဆင္ႏိုင္တဲ့ အားနည္းခ်က္တစ္ခု ရိွခဲ့ပါတယ္။ ဒါကို ကာကြယ္ဖို႔အတြက္ Apple က iOS 11.4.1 နဲ႔အတူ USB Restriced Mode ကို ျဖန္႔ခ်ိေပးခဲ့ပါတယ္။
USB Restricted Mode ကို enable လုပ္နည္းက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

USB Restricted Mode အလုပ္လုပ္ပံု

iPhone ကို ထိုးေဖာက္သူေတြဟာ သံုးစြဲသူေတြ iPhone ကို iTunes နဲ႔ back up လုပ္တဲ့နည္းလမ္းအတိုင္း Lightning port မွာ အထူးဖန္တီးထားတဲ့ USB tool ေတြကိုတပ္ဆင္ၿပီး passcode cracking tool ေတြနဲ႔ ဖုန္းကို hack လုပ္ႏိုင္ပါတယ္။

USB Restricted Mode ကို enable လုပ္ထားတဲ့အခါ iPhone ကို တစ္နာရီေက်ာ္ၾကာ lock လုပ္ထားတဲ့အခါ USB ကို အသံုးျပဳခြင့္မရေအာင္ ပိတ္ေပးမွာျဖစ္တဲ့အတြက္ iPhone ထဲ ထိုးေဖာက္ဝင္ေရာက္မႈကို ဟန္႔တားေစႏိုင္မွာျဖစ္ပါတယ္။

USB Restricted Mode ကို enable လုပ္ျခင္း

မေန႔က ျဖန္႔ခ်ိေပးခဲ့တဲ့ iOS 11.4.1 မွာ iOS 12 မွာပါဝင္လာမယ့္ လံုၿခံဳေရး feature အခ်ိဳ႕ကို Apple က ထည့္သြင္းေပးခဲ့ပါတယ္။ ဒါေၾကာင့္ USB Restricted Mode ကို enable လုပ္ခ်င္တယ္ဆိုရင္ Settings > Touch ID & Passcode (iPhone X မွာဆိုရင္ Face ID & Passcode) ကိုသြားပါ။ သင့္ရဲ႕ passcode ကိုထည့္သြင္းၿပီး ေနာက္ screen တစ္ခုကိုသြားပါ။

အဲ့ဒီေနာက္ disable ျဖစ္ေနတဲ့ USB Accessories toggle ကို enable လုပ္ပါ။

ဒါဆိုရင္ iPhone lock ျဖစ္ၿပီး တစ္နာရီေက်ာ္ၾကာတဲ့အခါ USB accessory ေတြနဲ႔ ခ်ိတ္ဆက္လို႔မရေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

Ref: HowToGeek

[ Unicode ]

Apple ရဲ့ iPhone တွေဟာ TouchID ဒါမှမဟုတ် FaceID နဲ့ passcode တစ်ခုကိုသုံးပြီး ကာကွယ်ထားတဲ့အခါ အတော့်ကို လုံခြုံနေပါပြီ။ ဒါပေမဲ့လည်း အထူးဖန်တီးထားတဲ့ USB tool တွေကို lightning port မှာတပ်ဆင်နိုင်တဲ့ အားနည်းချက်တစ်ခု ရှိခဲ့ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် Apple က iOS 11.4.1 နဲ့အတူ USB Restriced Mode ကို ဖြန့်ချိပေးခဲ့ပါတယ်။
USB Restricted Mode ကို enable လုပ်နည်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

USB Restricted Mode အလုပ်လုပ်ပုံ

iPhone ကို ထိုးဖောက်သူတွေဟာ သုံးစွဲသူတွေ iPhone ကို iTunes နဲ့ back up လုပ်တဲ့နည်းလမ်းအတိုင်း Lightning port မှာ အထူးဖန်တီးထားတဲ့ USB tool တွေကိုတပ်ဆင်ပြီး passcode cracking tool တွေနဲ့ ဖုန်းကို hack လုပ်နိုင်ပါတယ်။

USB Restricted Mode ကို enable လုပ်ထားတဲ့အခါ iPhone ကို တစ်နာရီကျော်ကြာ lock လုပ်ထားတဲ့အခါ USB ကို အသုံးပြုခွင့်မရအောင် ပိတ်ပေးမှာဖြစ်တဲ့အတွက် iPhone ထဲ ထိုးဖောက်ဝင်ရောက်မှုကို ဟန့်တားစေနိုင်မှာဖြစ်ပါတယ်။

USB Restricted Mode ကို enable လုပ်ခြင်း

မနေ့က ဖြန့်ချိပေးခဲ့တဲ့ iOS 11.4.1 မှာ iOS 12 မှာပါဝင်လာမယ့် လုံခြံုရေး feature အချို့ကို Apple က ထည့်သွင်းပေးခဲ့ပါတယ်။ ဒါကြောင့် USB Restricted Mode ကို enable လုပ်ချင်တယ်ဆိုရင် Settings > Touch ID & Passcode (iPhone X မှာဆိုရင် Face ID & Passcode) ကိုသွားပါ။ သင့်ရဲ့ passcode ကိုထည့်သွင်းပြီး နောက် screen တစ်ခုကိုသွားပါ။

အဲ့ဒီနောက် disable ဖြစ်နေတဲ့ USB Accessories toggle ကို enable လုပ်ပါ။

ဒါဆိုရင် iPhone lock ဖြစ်ပြီး တစ်နာရီကျော်ကြာတဲ့အခါ USB accessory တွေနဲ့ ချိတ်ဆက်လို့မရအောင် ကာကွယ်ပေးပါလိမ့်မယ်။

Ref: HowToGeek