iOS 11.4 တြင္ iCloud မွာ Message သိမ္းႏိုင္မယ့္ feature နဲ႔ AirPlay 2 တို႔ ပါဝင္လာ

[ Zawgyi ]

Apple ဟာ ႏွစ္စဥ္ျပဳလုပ္ေနက် WWDC 2018 ပြဲမွာ iOS 12 ကိုမိတ္ဆက္ဖုိ႔ တစ္ပတ္ပဲလိုပါတယ္။ ဒါေပမဲ့ ပြဲမတိုင္ခင္မွာ iOS 11 အတြက္ ေနာက္ဆုံးဗားရွင္းကို ျဖန္႔ခ်ိေပးလုိက္ပါတယ္။ Apple ဟာ မႏွစ္ကတည္းက ကတိေပးထားခဲ့တဲ့ AirPlay 2 နဲ႔ iCloud မွာ iMessages သိမ္းႏိုင္မယ့္ feature တို႔ကို အသစ္ျဖန္႔ခ်ိလိုက္တဲ့ iOS 11.4 မွာ ထည့္သြင္းေပးခဲ့ပါတယ္။

AirPlay 2 ဟာ multiroom audio နဲ႔သက္ဆုိင္ၿပီး HomePod ေတြနဲ႔ သီခ်င္းဖြင့္တဲ့အခါ dual-HomePod stereo ပါဝင္လာပါတယ္။ AirPlay 2 ကို Apple TV မွာအသုံးျပဳႏိုင္ၿပီး iPhone ေတြ၊ iPad ေတြနဲ႔ ထိန္းခ်ဳပ္ႏိုင္ပါတယ္။

အျခား iOS အဓိက feature တစ္ခုက iCloud အတြင္းမွာ ကာလရွည္ၾကာ ေမွ်ာ္လင့္ေနၾကတဲ့ Message ေတြ ပါဝင္လာပါတယ္။ iCloud မွာ ထုတ္ကုန္အားလုံးကို sync လုပ္ေပးၿပီး ထုတ္ကုန္အားလုံးက iMessage ေတြကုိ ဖ်က္ႏိုင္တဲ့အတြက္ message ေတြအမ်ားႀကီးရိွေနတာမ်ိဳး ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ iMessage ေတြကိုလည္း back up လုပ္ေပးႏိုင္တဲ့အတြက္ account ထဲက ထုတ္ကုန္သစ္က backup ကုိ restore လုပ္စရာမလိုဘဲ iMessage အေဟာင္းေတြကို ရရွိႏိုင္ပါတယ္။

iCloud ထဲက Message ေတြမွာ end-to-end encryption အသုံးျပဳထားၿပီး message archive ေတြနဲ႔ attachment ေတြအတြက္ local storage အစား cloud storage ကုိ အသုံးျပဳထားပါတယ္။ ဒါ့အျပင္ iCloud ထဲက Message ေတြကို ထုတ္ကုန္ေတြအၾကား SMS နဲ႔လည္း အသုံးျပဳႏိုင္ပါတယ္။

iPhone နဲ႔ iPad ေတြအတြက္ အခု update ကို ေမလ ၂၉ ရက္ (အဂၤါေန႔) က ျဖန္႔ခ်ိခဲ့ပါတယ္။ Apple TV အတြက္လည္း TVOS 11.4 ဗားရွင္း update ကိုျဖန္႔ခ်ိေပးထားပါတယ္။

စိုးထက္
Ref: CNET

========

[ Unicode ]

iOS 11.4 တွင် iCloud မှာ Message သိမ်းနိုင်မယ့် feature နဲ့ AirPlay 2 တို့ ပါဝင်လာ

========

Apple ဟာ နှစ်စဉ်ပြုလုပ်နေကျ WWDC 2018 ပွဲမှာ iOS 12 ကိုမိတ်ဆက်ဖို့ တစ်ပတ်ပဲလိုပါတယ်။ ဒါပေမဲ့ ပွဲမတိုင်ခင်မှာ iOS 11 အတွက် နောက်ဆုံးဗားရှင်းကို ဖြန့်ချိပေးလိုက်ပါတယ်။ Apple ဟာ မနှစ်ကတည်းက ကတိပေးထားခဲ့တဲ့ AirPlay 2 နဲ့ iCloud မှာ iMessages သိမ်းနိုင်မယ့် feature တို့ကို အသစ်ဖြန့်ချိလိုက်တဲ့ iOS 11.4 မှာ ထည့်သွင်းပေးခဲ့ပါတယ်။

AirPlay 2 ဟာ multiroom audio နဲ့သက်ဆိုင်ပြီး HomePod တွေနဲ့ သီချင်းဖွင့်တဲ့အခါ dual-HomePod stereo ပါဝင်လာပါတယ်။ AirPlay 2 ကို Apple TV မှာအသုံးပြုနိုင်ပြီး iPhone တွေ၊ iPad တွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။

အခြား iOS အဓိက feature တစ်ခုက iCloud အတွင်းမှာ ကာလရှည်ကြာ မျှော်လင့်နေကြတဲ့ Message တွေ ပါဝင်လာပါတယ်။ iCloud မှာ ထုတ်ကုန်အားလုံးကို sync လုပ်ပေးပြီး ထုတ်ကုန်အားလုံးက iMessage တွေကို ဖျက်နိုင်တဲ့အတွက် message တွေအများကြီးရှိနေတာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် iMessage တွေကိုလည်း back up လုပ်ပေးနိုင်တဲ့အတွက် account ထဲက ထုတ်ကုန်သစ်က backup ကို restore လုပ်စရာမလိုဘဲ iMessage အဟောင်းတွေကို ရရှိနိုင်ပါတယ်။

iCloud ထဲက Message တွေမှာ end-to-end encryption အသုံးပြုထားပြီး message archive တွေနဲ့ attachment တွေအတွက် local storage အစား cloud storage ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် iCloud ထဲက Message တွေကို ထုတ်ကုန်တွေအကြား SMS နဲ့လည်း အသုံးပြုနိုင်ပါတယ်။

iPhone နဲ့ iPad တွေအတွက် အခု update ကို မေလ ၂၉ ရက် (အင်္ဂါနေ့) က ဖြန့်ချိခဲ့ပါတယ်။ Apple TV အတွက်လည်း TVOS 11.4 ဗားရှင်း update ကိုဖြန့်ချိပေးထားပါတယ်။

စိုးထက်
Ref: CNET