iOS အတွက် Google Podcasts ကိုဖြန့်ချိ

Google ဟာဒီဇိုင်းပိုင်းပြန်လည် ပြင်ဆင်ထားတဲ့ Podcasts ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ app မှာ discovery ကိုအခြေပြုတည်ဆာက်ထားပြီး tab သုံးခုခွဲထားပါတယ်။

Google Podcasts ရဲ့ Home စာမျက်နှာမှာ နာမည်ကျော်နဲ့ အစီအစဉ်တွေရှာဖွေနိုင်တဲ့ Explore နဲ့ အမူအကျင့်တွေ မှတ်သားပေးနိုင်တဲ့ Activity တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Google ဟာ Podcasts ကို iOS အတွက်ဖြန့်ချိပေးလိုက်ပါတယ်။

ပြီးခဲ့နှစ်က ဖြန့်ချိလိုက်တဲ့ Google Podcasts ဟာ Android ပေါ်က ထိပ်တန်း podcasting app ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း cross-platform မှာအသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်က အကန့်အသတ်ရှိနေပါတယ်။ iPhone နဲ့ iPad သုံးစွဲသူတွေက Apple ကိုယ်ပိုင် Podcasts app အစား အပြောင်းအလဲ ရှာနေသူတွေအတွက် Google ကနောက်ထပ်ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

-စိုးထက်
Ref: TechCrunch