iOS အတွက် လုံခြုံရေး feature အသစ် Google ထည့်သွင်း

Google ဟာ လုံခြုံရေး feature သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ထဲမှာ Google account ကလုံခြုံရေးပြဿနာကို cross-app သတိပေးမယ့် feature ပါဝင်လာပါတယ်။

Google က account မှာကြီးမားတဲ့ လုံခြုံရေးပြဿနာ ခြေရာခံမိတဲ့အခါ သုံးစွဲသူအသုံးပြုနေတဲ့ Google app တစ်ခုခုမှာ သတိပေးချက်ကို ဖော်ပြပေးပါမယ်။ အဲဒီ လုပ်ဆောင်ချက်ကို လာမယ့်အပတ်အတွင်း ကန့်သတ်ဖြန့်ချိနေပါပြီ။

လက်ရှိမှာတော့ iOS အတွက်ပဲ ဖြန့်ချိရသေးပါတယ်။ လာမယ့်နှစ်အတွင်း feature ကို တိုးချဲ့မယ်လို့ blog post မှာ Google ရေးသားထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««