iOS ရဲ့ Share Sheet ကို ဘယ်လိုမျိုး စိတ်ကြိုက်ပြင်သုံးမလဲ

iOS 13 နဲ့အတူ Apple က မိတ်ဆက်ပေးခဲ့တဲ့ Share Sheet ကို လူအများ ချီးကျူးခံကြပါတယ်။ မိမိရဲ့ iPhone ကနေ tweet တစ်ခုခု မျှဝေလိုတဲ့အခါမျိုး ဒါမှမဟုတ် App တစ်ခုမှာ မျှဝေထားတဲ့ အကြောင်းအရာ တစ်ခုခုကို သိမ်းဆည်းလိုတဲ့အခါမျိုးမှာ Sheet က မပါမဖြစ်အနေနဲ့ အသုံးပြုကြတာကြောင့်ဖြစ်ပါတယ်။ iOS ရဲ့ Share Sheet လုပ်ဆောင်ချက်ကို မိမိစိတ်ကြိုက် ဘယ်လိုပြုပြင်အသုံးပြုနိုင်လဲဆိုတာ ဆက်လက်ဖတ်ကြည့်ပါဦး။

AirDrop icon လိုမျိုး အလျားလိုက်အတန်းအဖြစ် ပြောင်းလဲအသုံးပြုတာက မိမိရဲ့ Share Sheet ကို အသုံးပြုဖို့အတွက် ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ မိမိအသုံးပြုလိုတဲ့ အရာတွေကို သေချာထည့်သွင်းပြင်ဆင်သင့်ပါတယ်။ မိမိအနေနဲ့ မက်ဆေ့ခ်ျ၊ မေးလ်၊ အိတ်ဆောင်၊ မှတ်စု၊ Facebook, ရာသီဥတု Apps ဒါမှမဟုတ် မိမိ မကြာခဏအသုံးပြုတဲ့ အခြားတွေကို တွေ့နိုင်မှာလည်းဖြစ်ပါတယ်။

အဲလိုပြောင်းလဲအသုံးပြုဖို့အတွက် ဖုန်းမြင်ကွင်းရဲ့ အောက်ဘက်ကနေ အပေါ်ကို ပွတ်ဆွဲလိုက်ပါ။ ပြီးရင်တော့ “ More” icon ဖြစ်တဲ့ အစက်သုံးခုတန်းထားတဲ့ပုံကို ရှာပါ။ More icon ကို တွေ့ရင်တော့ တစ်ချက်နှိပ်လိုက်ပါ။

မိမိ မကြာသေးမီကအသုံးပြုခဲ့တဲ့ Apps တွေကို တွေပါလိမ့်မယ်။ မိမိအနေနဲ့ အခုလိုမျိုး App တွေ ပြန်လည် ပြင်ဆင်တဲ့အခါမှာ AirDrop ကလွဲပြီး အခြား app တွေကို အမြဲဖော်ပြပေးဖို့ ပြောင်းလဲရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။ အဲလိုပြောင်းလဲဖို့အတွက် မြင်ကွင်း အပေါ် ညာဘက်ထောင့်နားက Edit ကို နှိပ်လိုက်ပါ။

Suggestions ဆိုတဲ့ စာသားအောက်က App တွေက မိမိအနေနဲ့ အမြဲသုံးဖြစ်တဲ့ App တွေဖြစ်ပေမယ့် Favorites စာသားအောက်က App တွေလောက်တော့ အသုံးမပြုတဲ့ App တွေဖြစ်ပါတယ်။

ဒီနေရာမှာ မိမိစိတ်ကြိုက် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ အပေါ်ပုံရဲ့ မြင်ကွင်းညာဘက် အပေါ်ထောင့်နားက Edit ကို နှိပ်လိုက်ရင်တော့ App ရဲ့ ညာဘက်မှာ အလျားလိုက် မျဉ်းသုံးခုဆင့်ထားတဲ့ menu icon ပေါ်လာမှာဖြစ်ပြီး အဲဒီ icon ကို နှိပ်ကာ Favorites အောက်က App တွေနေရာမှာ မိမိ အမြဲအသုံးပြုချင်တဲ့ App တွေနဲ့ အထက်အောက်ရွှေ့ပြောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

မိမိစိတ်ကြိုက် ဖယ်ထုတ်၊ ထည့်သွင်းပြီးရင်တော့ Done ဆိုတာကို နှိပ်လိုက်ပါ။

နှိပ်ပြီးရင်တော့ Share Sheet ကို ပြန်ဖွင့်တဲ့အခါမှာ မိမိ ပြင်ဆင်ထားတဲ့အတိုင်း တွေ့ရမှာပဲဖြစ်ပါတယ်။

ခုဖော်ပြခဲ့တဲ့နည်းအတိုင်း Share Sheet ကို မိမိစိတ်ကြိုက် ပြင်ဆင်ပြောင်းလဲ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။