iOS ရဲ့ Google Drive app မှာ လုံခြုံရေးဆိုင်ရာ Face ID စနစ်ကို ဘယ်လိုထည့်သုံးမလဲ

မိမိရဲ့ iPhone, iPad တွေထဲက Google Drive app ကို အခြားသူတွေ အလွယ်တကူဝင်ရောက်ကြည့်ရှုတာမျိုးကို ကာကွယ်ဖို့အတွက် ဖုန်းရဲ့ Face ID စနစ်ကို အသုံးပြုနိုင်ပါတယ်။ Face ID စနစ် ထည့်သွင်းဖို့အတွက် အရင်ဆုံး ဖုန်းထဲက Google Drive app ကို ဖွင့်လိုက်ပါ။ Google Drive app ပွင့်လာရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဘယ်ဘက် အပေါ်ထောင့်နားက menu icon ကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ Settings စနစ်ထဲကို ထပ်ဝင်ဖို့အတွက် Settings ဆိုတဲ့ စာသားကို နှိပ်ပါ။

Settings စနစ်ထဲကိုရောက်သွားပါမယ်။ အဲဒီထဲက Privacy Screen ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။

Privacy စနစ်ထဲကိုရောက်သွားရင်တော့ Face ID စနစ်ကို Google Drive app မှာသုံးဖို့အတွက် Enable လုပ်ပေးရမှာ ဖြစ်ပါတယ်။ Privacy Screen စာပိုဒ်ဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်ပြီး Activate လုပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Pop-up စာသားဘောက်တစ်ခု ပေါ်လာမှာဖြစ်ပြီး မိမိအနေနဲ့ ခွင့်ပြုတဲ့အကြောင်း OK ဆိုတဲ့စာသားကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။

အခုလိုမျိုး လုပ်ဆောင်ပြီးရင်တော့ မိမိအနေနဲ့ ဖုန်းမှာ‌ နောက်တစ်ခါ Google Drive app ကို ဖွင့်တဲ့အခါမှာ မိမိလုံခြုံရေးအနေနဲ့ ထည့်သွင်း အသုံးပြုခဲ့တဲ့ Face ID or Touch ID စနစ်အနေနဲ့ တစ်ခုခုကို အသုံးပြုကာ ဖွင့်ဖို့အတွက် App ကနေ တောင်းဆိုမှာဖြစ်ပါတယ်။

-ရဲထွဋိဝငိး