iOS မှာ TikTok ဗွီဒီယိုကို Live Wallpaper အဖြစ် ဘယ်လိုအသုံးပြုမလဲ

TikTok က မိမိနှစ်သက်တဲ့ ဗီဒီယိုကို iPhone မှာ live wallpaper မှာပြောင်းလဲအသုံးပြုနိုင်ပါတယ်။ အရင်ဆုံး မိမိရဲ့ဖုန်းထဲက TikTok ကိုဖွင့်ပြီး live wallpaper အဖြစ်ပြောင်းလဲလိုတဲ့ ဗီဒီယိုကိုရှာပါ။

မိမိလိုအပ်တဲ့ဗီဒီယိုကို တွေ့ရင်တော့ share icon ကို တစ်ချက်နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး ဒုတိယတန်းမှ“ Live Photo” ဆိုတဲ့ စာသားပေါ်က icon ကိုနှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ ဗွီဒီယိုကို သင့်ရဲ့ဖုန်းဓါတ်ပုံ App မှာ တွေ့နိုင်တဲ့ Live Photo အဖြစ်ကို ပြောင်းလဲပေးမှာဖြစ်ပါတယ်။

ခုနက Live Photo အဖြစ် ပြောင်းလဲသိမ်းဆည်းခဲ့တဲ့ ဗီဒီယိုကို မိမိအနေနဲ့ Live Wallpaper အဖြစ်ဖုန်းမှာ ပြောင်းလဲအသုံးပြုဖို့အတွက် Settings ထဲကိုသွားပါ။ ပြီးရင်တော့ “Wallpaper” ဆိုတဲ့စာသားကိုနှိပ်ပြီး Wallpaper စနစ်ထဲကို ဝင်လိုက်ပါ။

Wallpaper စနစ်ထဲကို ရောက်သွားရင်တော့ Choose a New Wallpaper စာသားကို နှိပ်ပြီး ခုနက TikTok ဗီဒီယို Live Photo အဖြစ် ပြောင်းလဲခဲ့တဲ့ပုံကိုရွေးပေးပါ။

ပြီးရင်တော့ “Set” ကို နှိပ်ပါ။ “Set Lock Screen” သို့မဟုတ် “Set Both” တစ်ခုခုကိုရွေးပေးပါ။ အဲလိုပြောင်းလိုက်ပေမယ့် ဖုန်းမှာ ဗီဒီယိုက live wallpaper အနေနဲ့ လှုပ်ရှားနေမှာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ iOS မှာ live wallpapers ကို lock screen ပေါ်တွင်သာမက iPhone XR ကနေစပြီး 3D Touch ထောက်ပံ့ပါဝင်တဲ့ ဖုန်းတွေမှာသာ live wallpapers စနစ်က အလုပ်လုပ်ဖို့ Apple ကနေ ကန့်သတ်လုပ်ဆောင်ထားတာကြောင့်ဖြစ်ပါတယ်။

မိမိရဲ့ ဖုန်းမျက်နှာပြင်ပေါ်က live photo လှုပ်ရှားဖို့အတွက် မိမိက ဖုန်းမျက်နှာပြင်ကို စက္ကန့်အနည်းငယ်ကြာ ဖိနှိပ်ပေးဖို့ လိုမှာဖြစ်ပါတယ်။ မိမိအနေနဲ့ ဖုန်းမြင်ကွင်းကို ဖိနှိပ်တိုင်းမှာ TikTok ဗွီဒီယိုက ပွင့်လာမှာပဲဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း