
iOS သုံးစွဲသူတွေအနေနဲ့ Apple ရဲ့ iMessage စနစ်မှာ ဓာတ်ပုံ၊ animojis, emojis, voice notes စတာတွေကို အလွယ်တကူ ပေးပို့နိုင်ပါတယ်။ iMessage ကို macOS နဲ့ iPadOS တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ပုံမှန် iMessage က စာပို့ရင်တော့ အစိမ်းရောင် bubble ပုံစံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီ အစိမ်းရောင်ကို မိမိစိတ်ကြိုက် အရောင်ဆန်းလေးတွေ ချိန်းပြီးအသုံးပြုနိုင်ပါတယ်။
အဲလိုအသုံးပြုဖို့အတွက် အရင်ဆုံး App Store ကို ဖွင့်ပါ။ ပြီးရင်တော့ “Color Text Bubbles on iMessage” ဆိုတာကို ရိုက်ရှာပြီး ပေါ်လာရင်တော့ GET ဆိုတာကို နှိပ်ကာ ဖုန်းထဲကို install လုပ်ပါ။ (Apple ID / password တောင်းရင်ထည့်ပေးပါ)
App ကို install လုပ်တာပြီးသွားရင်တော့ ဖွင့်လိုက်ပါ။ ပုံမှာ ပြထားသလို ညာဘက် အပေါ်ထောင့်နားက Compose button icon ကို တစ်ချက်နှိပ်လိုက်ပါ။
ပြီးရင်တော့ “Color” ဆိုတာ လေးကို ရှာပြီးထပ်နှိပ်ပါ။
အဲလိုရွေးပြီးရင်တော့ Type Custom Message ဆိုတဲ့ အကွက်ထဲမှာ မိမိပို့ချင်တဲ့စာသားကို ရိုက်ထည့်ပါ။
ပြီးရင်တော့ အောက်ဘက်မှာ ပေါ်လာတဲ့ ရောင်စုံအကွက်ထဲက မိမိ အသုံးပြုချင်တဲ့ အရောင်ကို ရွေးချယ်ပေးပါ။
ပြီးရင်တော့ Send ဆိုတာကို နှိပ်ပြီး ပို့လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ ၅ စက္ကန့်စာ ကြော်ငြာပေါ်လာပါမယ်။ ပြီးရင်တော့ Later ဆိုတာကို နှိပ်လိုက်ရင် အရောင်ပြောင်းပြီး စာပို့တာ အဆင်ပြေပါ ပြီး။
iMessage ရဲ့ အခပေး app ကို upgrade လုပ်မယ်ဆိုရင်တော့ အရောင်ကန့်သတ်ချက်မရှိ အသုံးပြုနိုင်မှာဖြစ်သလို စာလုံး အရွယ်အစား၊ ဖောင့်စတိုင် စတာတွေကအစ အသုံးပြုနိုင်မှာဖြစ်ပြီး အခပေး ကုန်ကျစရိတ်အနေနဲ့ ကန်ဒေါ်လာ ၄.၉၉ ကျသင့်မှာပါ။
-ရဲထွဋ်ဝင်း