iOS မှာ Fortnite ကို install ပြန်လုပ်နိုင်တဲ့နည်းလမ်း

ပြီးခဲ့တဲ့အပတ်က Fortnite ဟာ App Store ကနေ ဖယ်ရှားခဲ့ကြပါတယ်။ Epic Games နဲ့ Apple အကြား စည်းမျဉ်းဆိုင်ရာ တရားရေးကိစ္စတွေကြောင့် Fortnite ကို Apple ကဖယ်ရှားခဲ့ပါတယ်။

အခုပြောပြမယ့် နည်းလမ်းကတော့ iOS မှာ Fortnite ဂိမ်းကို တစ်ခါမှ download မလုပ်ဖူးတဲ့သူတွေ အသုံးမပြုနိုင်ပေမယ့် ဂိမ်းကို download လုပ်ဖူးတဲ့သူတွေ အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူက ဂိမ်းကို install လုပ်ပြီး update ဖိုင်တွေကို ထည့်သွင်းပြီး နောက်ထပ် patch မဖြန့်ခင် အချိန်အထိ ကစားနိုင်ပါတယ်။

(၁) သုံးစွဲသူက App Store အတွင်းက “My Purchases” ကိုသွားပြီး အဓိက မျက်နှာပြင် ညာဘက်အပေါ်ထောင့်က ကိုယ့်ပုံကို click လုပ်လိုက်ပါ။

(၂) အဲဒီ “purchased” ဆိုတာ နှိပ်ပြီး “My Purchases ထဲမှာ download လုပ်ဖူးတဲ့ iOS app တွေကို ရှာနိုင်ပါတယ်။

(၃) Fortnite ကိုရှာလိုက်ပါ။

(၄) Fortnite ပေါ်လာရင် cloud icon ကိုနှိပ်ပြီး download လုပ်နိုင်ပါတယ်။

-စိုးထက်
Ref: TheVerge