
Unc0ver ဆိုတဲ့ ဟက်ကာအဖွဲ့တစ်ခုက iOS ထုတ်ကုန်အားလုံးအတွက် jailbreak အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ ပုံမှန်အတိုင်းဆို Apple က iPhone နဲ့အခြား iOS ထုတ်ကုန်တွေမှာ သုံးစွဲသူကို အပြည့်အဝ ထိန်းချုပ်ခွင့် မပေးထားပါဘူး။
Jailbreak ကတော့ iOS operating system ထဲက အားနည်းချက်ကိုသုံးပြီး ဖန်တီးထားတဲ့ သီးသန့် software ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူက ထုတ်ကုန်ကို အပြည့်အဝထိန်းချုပ်ပြီး root access ရရှိပါမယ်။ Unc0ver အဖွဲ့က နောက်ဆုံး jailbreak software ဗားရှင်း Unc0ver 5.0.0 ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ အဲဒီဗားရှင်းက iOS ထုတ်ကုန် အားလုံးအတွက် အသုံးပြုနိုင်ကာ မကြာသေးခင်က ထွက်ထားတဲ့ iOS v13.5 မှာလည်း သုံးစွဲနိုင်တယ်။
#unc0ver v5.0.0 will be the first 0day jailbreak released since iOS 8!
Every other jailbreak released since iOS 9 used 1day exploits that were either patched in the next beta version or the hardware.
This will be a big milestone for jailbreaking.
— Pwn20wnd (@Pwn20wnd) May 23, 2020
သတင်းတွေအရ Unc0ver 5.0.0 ဟာ iOS operating system အတွင်းက zero-day အားနည်းချက်ကို အသုံးချထားတယ်လို့ သိရပါတယ်။ အဲဒီအားနည်းချက်ကို Pwn20wnd လို့အမည်ရတဲ့ Unc0ver အဖွဲ့ဝင်တစ်ခုက တွေ့ရှိခဲ့ပါတယ်။
အခု jailbreak ဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ထွက်ရှိလာတာ ဖြစ်ပြီး လက်ရှိ iOS ဗားရှင်းကိုလည်း root လုပ်နိုင်တယ်လို့ Pwn20wnd ကထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံး jailbreak က၂၀၁၄ နှောင်းပိုင်းမှာ ထွက်ရှိခဲ့ပါတယ်။
စိုးထက်
Ref: ZDNet