iOS ဖိုင် App သုံးပြီး ဖုန်းထဲက ဖိုင်တွေကို Zip သို့မဟုတ် Unzip ဘယ်လိုလုပ်မလဲ

iOS 13 နဲ့အထက်မှာ ဖိုင် App ကို သုံးပြီး ဖုန်းထဲက ဖိုင်တွေကို Zip ဖိုင်အနေနဲ့ ချုံ့နိုင်မှာဖြစ်သလို unzip ဖိုင်တွေကိုလည်း ပြန်လည်ဖြည်နိုင်မှာ ဖြစ်ပါတယ်။ zip လုပ်လိုက်တဲ့ ဖိုင်တွေကိုလည်း iPhone ထဲမှာ သိမ်းဆည်းနိုင်သလို remote ဆာဗာ ဒါမှမဟုတ် iCloud ပေါ်မှာလည်း တိုက်ရိုက်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းထဲကဖိုင်ကို Zip ဖိုင်အနေနဲ့ ပြောင်းလဲဖို့အတွက် အရင်ဆုံး ဖုန်းထဲက ဖိုင် App (Files app) ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ မိမိအနေနဲ့ zip လုပ်ကာ ဖိုင်အရွယ်အစားကို ချုံ့ချင်တဲ့ဖိုင်ကို အရင်ရွေးပါ။ ပြီးရင်တော့ မိမိချုံ့ချင်တဲ့ဖိုင်ကို စက္ကန့်အနည်းငယ် ဖိထားလိုက်ပါ။ အဲလို ဖိထားလိုက်ရင်တော့ pop-up menu လေးပေါ်လာပါလိမ့်မယ်။

အဲလိုပေါ်လာရင်တော့ Co-mpress ဆိုတဲ့ စာသားကို တစ်ချက်နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ ဖိုင်စနစ်ထဲမှာ မိမိချုံ့လိုက်တဲ့ ဖိုင်နာမည်တူတဲ့ ချုံ့ထားပြီးသား zip ဖိုင်လေးအောက်က ပုံထဲကလို ပေါ်နေပါလိမ့်မယ်။

ပြီးရင်တော့ အဲဒီဖိုင်ကို မိမိအနေနဲ့ ဖုန်းထဲမှာသိမ်းမယ့် (Save to Files) ဒါမှမဟုတ် AirDrop ကနေ Mail ကနေ Messages ကနေတစ်ဆင့် ပေးပို့နိုင်သလို iCloud ထဲမှာ သိမ်းမလားဆိုပြီး မေးပါလိမ့်မယ် မိမိနှစ်သက်ရာတစ်ခုကို ရွေးချယ်ပေးလိုက်ပါ။

ဆက်ပြီးတော့ Zip လုပ်ထားတဲ့ဖိုင်ကို Unzip လုပ်တဲ့နည်းကို ပြောပြပေးပါမယ်။ မိမိအနေနဲ့ zip လုပ်ထားတဲ့ဖိုင်ကို စက္ကန့်အနည်းငယ်ကြာ ဖိထားလိုက်ပါ။ အဲလိုဖိထားလိုက်ရင်တော့ zip လုပ်တုန်းကလိုမျိုးပဲ pop-up menu ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက Uncompress ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ zip လုပ်တုန်းကလိုပဲ zip ဖိုင်နဲ့ ဖိုင်နာမည်တူတဲ့ unzip ဖိုင်ကိုတွေ့ ရပါလိမ့်မယ်။ ဒီနည်းက ဖုန်းထဲမှာ ဖိုင်တွေ ပြည့်နေလို့ နေရာလွတ် မကျန်ဖြစ်နေရင်တော့ အလွယ်တကူနဲ့ ချက်ချင်းနေရာလွတ်ရအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း