iOS န႔ဲ Apple App ေတြ တရားမဝင္ ပုံတူကူးယူမႈအတြက္ Corellium ကုိ Apple တရားစြဲဆို

[ Zawgyi ]

Apple ဟာ iOS ေထာက္ပံ့တဲ့ မိုဘိုင္းထုတ္ကုန္ virtualization ကုမၸဏီ Corellium ကုိတရားစြဲဆိုဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။ Corellium ဟာ ARM ေပၚမွာ iOS, Android နဲ႔ Linux virtualization ေတြကုိ ေထာက္ပံ့ေပးတဲ့ ပထမဆုံးနဲ႔ တစ္ခုတည္းေသာ platform ျဖစ္ပါတယ္။

တရားစြဲဆုိမႈကို ဖေလာ္ရီဒါျပည္နယ္၊ ေတာင္ပုိင္းခ႐ိုင္မွာ ေလွ်ာက္ထားခဲ့ပါတယ္။ Corellium ဟာ iPhone နဲ႔ iPad ေပၚမွာအသုံးျပဳေနတဲ့ application ေတြနဲ႔ operating system ကို တရားမဝင္ ပုံတူကူးယူမႈအတြက္ မူပုိင္ခြင့္ခ်ဳိးေဖာက္ခဲ့တယ္လို႔ Apple ကစြပ္စြဲထားပါတယ္။

Apple ရဲ႕ေျပာၾကားခ်က္အရ Corellium ရဲ႕ iOS virtualization ထုတ္ကုန္ဟာ Apple ရဲ႕မူပုိင္ခြင့္ေတြကုိ ခ်ိဳးေဖာက္ေနပါတယ္။ “Corellium အေနနဲ႔ အရာအားလုံးျဖစ္တဲ့ code, graphical user interface, icon ေတြအျပင္ အေသးစိတ္အားလုံးကုိ ကူညီခဲ့ပါတယ္”

Corellium ရဲ႕ထုတ္ကုန္က iOS, iTunes နဲ႔ user interface အရာေတြရဲ႕ ဒီဂ်စ္တယ္ပုံတူျဖစ္ပါတယ္။ အဲဒီအရာေတြကုိ Corellium တည္ေဆာက္ထားတဲ့ စိတ္ႀကိဳက္ platform ဒါမွမဟုတ္ ဝက္ဘ္ဆိုက္အေျခခံ platform ေပၚမွာရွိပါတယ္။ iOS အသုံးျပဳဖုိ႔ရည္ရြယ္ခ်က္နဲ႔ virtual iOS ထုတ္ကုန္ေတြ ဖန္တီးဖို႔ ဒီဇိုင္းထုတ္ထားပါတယ္။ မၾကာေသးခင္က က်င္းပခဲ့တဲ့ Black Hat USA ကြန္ဖရင့္မွာ အားနည္းခ်က္ေတြကုိ သုေတသီနဲ႔ ဟက္ကာေတြ စမ္းသပ္ရွာေဖြႏိုင္ဖို႔ iOS ပုံတူကုိ Corellium ကဖန္တီးခဲ့တာျဖစ္ပါတယ္။

Corellium အေနနဲ႔ လုံၿခဳံေရးအားနည္းခ်က္ေတြ ရွာေဖြဖို႔ သုေတသန tool အျဖစ္ အသုံးျပဳဖို႔ ဟန္ျပထားေပမယ့္ ကုမၸဏီရဲ႕ အဓိကရည္ရြယ္ခ်က္က ေဈးကြက္မွာ ေၾကးအျမင့္ဆုံးေပးသူေတြဆီ ေတြ႕ရွိတဲ့အခ်က္အလက္ေတြ ေရာင္းခ်ၿပီး အျမတ္အစြန္းရဖို႔ ေျဗာင္က်က် မူပုိင္ခြင့္ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ Apple ကေျပာခဲ့ပါတယ္။

စုိးထက္
Ref: MacRumors

[ Unicode ]

Apple ဟာ iOS ထောက်ပံ့တဲ့ မိုဘိုင်းထုတ်ကုန် virtualization ကုမ္ပဏီ Corellium ကိုတရားစွဲဆိုဖို့ လျှောက်ထားခဲ့ပါတယ်။ Corellium ဟာ ARM ပေါ်မှာ iOS, Android နဲ့ Linux virtualization တွေကို ထောက်ပံ့ပေးတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော platform ဖြစ်ပါတယ်။

တရားစွဲဆိုမှုကို ဖလော်ရီဒါပြည်နယ်၊ တောင်ပိုင်းခရိုင်မှာ လျှောက်ထားခဲ့ပါတယ်။ Corellium ဟာ iPhone နဲ့ iPad ပေါ်မှာအသုံးပြုနေတဲ့ application တွေနဲ့ operating system ကို တရားမဝင် ပုံတူကူးယူမှုအတွက် မူပိုင်ခွင့်ချိုးဖောက်ခဲ့တယ်လို့ Apple ကစွပ်စွဲထားပါတယ်။

Apple ရဲ့ပြောကြားချက်အရ Corellium ရဲ့ iOS virtualization ထုတ်ကုန်ဟာ Apple ရဲ့မူပိုင်ခွင့်တွေကို ချိုးဖောက်နေပါတယ်။ “Corellium အနေနဲ့ အရာအားလုံးဖြစ်တဲ့ code, graphical user interface, icon တွေအပြင် အသေးစိတ်အားလုံးကို ကူညီခဲ့ပါတယ်”

Corellium ရဲ့ထုတ်ကုန်က iOS, iTunes နဲ့ user interface အရာတွေရဲ့ ဒီဂျစ်တယ်ပုံတူဖြစ်ပါတယ်။ အဲဒီအရာတွေကို Corellium တည်ဆောက်ထားတဲ့ စိတ်ကြိုက် platform ဒါမှမဟုတ် ဝက်ဘ်ဆိုက်အခြေခံ platform ပေါ်မှာရှိပါတယ်။ iOS အသုံးပြုဖို့ရည်ရွယ်ချက်နဲ့ virtual iOS ထုတ်ကုန်တွေ ဖန်တီးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ Black Hat USA ကွန်ဖရင့်မှာ အားနည်းချက်တွေကို သုတေသီနဲ့ ဟက်ကာတွေ စမ်းသပ်ရှာဖွေနိုင်ဖို့ iOS ပုံတူကို Corellium ကဖန်တီးခဲ့တာဖြစ်ပါတယ်။

Corellium အနေနဲ့ လုံခြုံရေးအားနည်းချက်တွေ ရှာဖွေဖို့ သုတေသန tool အဖြစ် အသုံးပြုဖို့ ဟန်ပြထားပေမယ့် ကုမ္ပဏီရဲ့ အဓိကရည်ရွယ်ချက်က ဈေးကွက်မှာ ကြေးအမြင့်ဆုံးပေးသူတွေဆီ တွေ့ရှိတဲ့အချက်အလက်တွေ ရောင်းချပြီး အမြတ်အစွန်းရဖို့ ဗြောင်ကျကျ မူပိုင်ခွင့်ချိုးဖောက်တာဖြစ်တယ်လို့ Apple ကပြောခဲ့ပါတယ်။

Ref: MacRumors