iOS နဲ႔ Android အတြက္ျဖန္႔ခ်ိထားတဲ့ Groove Music ကို Microsoft ဖ်က္သိမ္း

[ Zawgyi ]

Microsoft ဟာ ၿပီးခဲ့တဲ့ႏွစ္က Groove Music streaming ဝန္ေဆာင္မႈကို ဖ်က္သိမ္းခဲ့ေပမယ့္ Windows 10 သုံးစြဲသူေတြအတြက္ app မွာ ဆက္လက္ရင္းႏွီးျမႇဳပ္ႏွံသြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။ ဒါေပမဲ့ iOS နဲ႔ Android သုံးစြဲသူေတြအတြက္ Groove ကို ရင္းႏွီးျမႇဳပ္ႏွံေတာ့မွာ မဟုတ္ပါဘူး။ “၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္မွာ Groove Music ရဲ႕ iOS နဲ႔ Android app ဖ်က္သိမ္းသြားမယ့္အေၾကာင္း သုံးစြဲသူေတြဆီ အသိေပးသြားမွာ ျဖစ္ပါတယ္။ ဇြန္လ ၁ ရက္ကစတင္ၿပီး Groove Music ကုိ download လုပ္ႏို္င္ေတာ့မွာ မဟုတ္ပါဘူး” လို႔ Microsoft ေျပာေရးဆိုခြင့္ရွိသူက The Verge ထံ ေျပာၾကားခဲ့ပါတယ္။

အခုအစီအစဥ္ေၾကာင့္ သုံးစြဲသူအေနနဲ႔ Microsoft ရဲ႕ OneDrive cloud ဝန္ေဆာင္မႈက MP3 ဒါမွမဟုတ္ အျခား audio ဖိုင္ေတြကို သုံးစြဲဖို႔ locker ဝန္ေဆာင္မႈအျဖစ္ Groove Music ကုိ အသုံးျပဳႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ OneDrive ေပၚမွာ ေတးဂီတဖိုင္ေတြကို ဆက္လက္နားေထာင္ႏိုင္မယ္လို႔ Microsoft ကေျပာပါတယ္။ ဒါေပမဲ့ Groove သုံးစြဲသူေတြ ေမွ်ာ္လင့္တဲ့ album art နဲ႔ music control စတဲ့ အေတြ႕အႀကဳံေတြကိုေတာ့ ရရွိေတာ့မွာ မဟုတ္ပါဘူး။

စိုးထက္
Ref: TheVerge

==========

[ Unicode ]

iOS နဲ့ Android အတွက်ဖြန့်ချိထားတဲ့ Groove Music ကို Microsoft ဖျက်သိမ်း

==========

Microsoft ဟာ ပြီးခဲ့တဲ့နှစ်က Groove Music streaming ဝန်ဆောင်မှုကို ဖျက်သိမ်းခဲ့ပေမယ့် Windows 10 သုံးစွဲသူတွေအတွက် app မှာ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ iOS နဲ့ Android သုံးစွဲသူတွေအတွက် Groove ကို ရင်းနှီးမြှုပ်နှံတော့မှာ မဟုတ်ပါဘူး။ “၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ Groove Music ရဲ့ iOS နဲ့ Android app ဖျက်သိမ်းသွားမယ့်အကြောင်း သုံးစွဲသူတွေဆီ အသိပေးသွားမှာ ဖြစ်ပါတယ်။ ဇွန်လ ၁ ရက်ကစတင်ပြီး Groove Music ကို download လုပ်နို်င်တော့မှာ မဟုတ်ပါဘူး” လို့ Microsoft ပြောရေးဆိုခွင့်ရှိသူက The Verge ထံ ပြောကြားခဲ့ပါတယ်။

အခုအစီအစဉ်ကြောင့် သုံးစွဲသူအနေနဲ့ Microsoft ရဲ့ OneDrive cloud ဝန်ဆောင်မှုက MP3 ဒါမှမဟုတ် အခြား audio ဖိုင်တွေကို သုံးစွဲဖို့ locker ဝန်ဆောင်မှုအဖြစ် Groove Music ကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ OneDrive ပေါ်မှာ တေးဂီတဖိုင်တွေကို ဆက်လက်နားထောင်နိုင်မယ်လို့ Microsoft ကပြောပါတယ်။ ဒါပေမဲ့ Groove သုံးစွဲသူတွေ မျှော်လင့်တဲ့ album art နဲ့ music control စတဲ့ အတွေ့အကြုံတွေကိုတော့ ရရှိတော့မှာ မဟုတ်ပါဘူး။

စိုးထက်
Ref: TheVerge