iOS နဲ့ iPadOS 14 ပေါ်က သိထားသင့်တဲ့ လုပ်ဆောင်ချက် (၁၀) ခု

Apple ဟာ iOS 14.3 နဲ့ iPadOS 14.3 ဖြန့်ထားတာ မကြာသေးပါဘူး။ iPhone နဲ့ iPad မှာ လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာပါတယ်။ စက်တင်ဘာလမှာ iOS 14 စတင် ထွက်ရှိလာပြီး Apple က home screen ပုံစံကို ပြောင်းလိုက်ပါတယ်။ Home screen ထဲမှာ widget တွေထည့်သွင်းနိုင်ပြီး app drawer လည်း ပါဝင်လာသလို ကိုယ်ပိုင် app icon ကိုလည်း ဖန်တီးခွင့်ပြုလိုက်ပါတယ်။

iOS 14.3 မှာတော့ Fitness Plus ကိုထည့်သွင်းထားတယ်။ Fitness Plus ကတော့ Apple ရဲ့ အားကစားဝန်ဆောင်မှု ဖြစ်ပါတယ်။ iPhone 12 Pro နဲ့ Pro Max ဖုန်းတွေမှာ ကင်မရာ လုပ်ဆောင်ချက် အသစ်တွေ ပါဝင်လာပါတယ်။

Default အီးမေးလ် နဲ့ browser သတ်မှတ်နည်း

Apple ကတော့ default app သတ်မှတ်ဖို့ ထိန်းချုပ်မှုတချို့ကို ဖြေလျှော့ပေးလိုက်ပါတယ်။ အခုဆိုရင် သုံးစွဲသူက အီးမေးလ် app တွေနဲ့ web browser တွေကိုပဲ default အဖြစ် သတ်မှတ်ခွင့်ပေးလိုက်ပါတယ်။ ဥပမာအနေနဲ့ Chrome ကို default browser သတ်မှတ်တာ၊ Outlook ကို အီးမေးလ် app အဖြစ် အသုံးပြုတာ လုပ်လို့ရပါတယ်။

iOS 14 အဆင့်မြှင့်တင်ထားရင် သုံးစွဲသူက app ထဲဝင်ပြီး Default Browser App ဒါမှမဟုတ် Default Email App ကိုမြင်ရပြီး ရွေးလိုက်ရုံပါပဲ။

Home screen ပေါ်က app ကိုဖယ်ရှားနည်း

iOS 14 ရဲ့ App Library ကတော့ app drawer လိုအသုံးပြုနိုင်ပါတယ်။ Home screen ပေါ်က အသုံးမလိုတဲ့ app များစွာကို ဖယ်ရှားလို့ရပါတယ်။ App တစ်ခုချင်းစီကို App Library ပို့မယ့်အစား tap အနည်းငယ်နဲ့ home screen panel ကို ဖုံးကွယ်လို့ရပါတယ်။ Home screen နေရာလွတ်တွေမှာ အကြာပြီး ဖိနှိပ်ထားပြီး edit လုပ်ပါ။ ပြီးရင်တော့ page indicator နှိပ်ပြီးရင် panel အလိုက် ဖျက်နိုင်ပါတယ်။

Home screen က app တွေကို ဖယ်နည်း

Home screen ကိုပြင်ဆင်ပြီး widget ထည့်တာ၊ အရေးပါတဲ့ app တွေကိုပဲ ထားတာ လုပ်လို့ရပါတယ်။ Download လုပ်ထားတဲ့ app တွေကိုတော့ install လုပ်တဲ့အချိန် app တွေကို home screen ထဲမဟုတ် App Library ထဲ တိုက်ရိုက် ရောက်အောင် လုပ်နိုင်ပါတယ်။ Settings > Home Screen နဲ့ ထိပ်ဆုံးထဲက App Library Only ရွေးချယ်ပေးရပါမယ်။

iPhone 12 Pro, 12 Pro Max နဲ့ဓာတ်ပုံကောင်းရိုက်နည်း

Apple ကတော့ iOS 14.3 မှာ 12 Pro နဲ့ 12 Pro အတွက် ProRaw ဓာတ်ပုံ format ထည့်သွင်းခဲ့ပါတယ်။ Settings > Camera > Formats ထဲမှာ Apple ProRAW ခလုတ်ကို ဖွင့်နိုင်ပါတယ်။ Camera app ထိပ်ဆုံးမှာ “RAW” ဆိုတဲ့ toggle မြင်ရပါမယ်။

emoji keyboard ရှာဖွေနည်း

iOS 14.3 မှာတော့ အလိုရှိတဲ့ emoji ကိုတော့ ရှာဖွေနိုင်ပါတယ်။ Emoji keyboard ဖွင့်လိုက်ရင်တော့ keyboard ထပ်မှာ search bar တစ်ခု မြင်လာရပါမယ်။

ဓာတ်ပုံ ဝှက်ထားနည်း

iOS နဲ့ iPad OS မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတချို့ကို ဝှက်ထားတဲ့ လုပ်ဆောင်ချက် ပါဝင်လာတာ အချိန်တစ်ခု ရှိပါပြီ။ iOS 14 မှာတော့ အယ်လ်ဘမ်အလိုက် ဝှက်ထားမယ့် လုပ်ဆောင်ချက်ကို Apple ကထည့်သွင်းခဲ့ပါတယ်။ Settings > Photos ထဲဝင်ပြီး Hidden Album ကို off လုပ်ပေးရပါမယ်။ Hidden Album ကိုတော့ Yes လုပ်လိုက်ရင် Albums tab ထဲမှာ ဝှက်ထားတာကို ပြပေးပါမယ်။

Picture in Picture mode နဲ့ YouTube ဗီဒီယိုကြည့်နည်း

iPhone ဟာ iPad မှာလူကြိုက်များတဲ့ Picture in Picture (PiP) mode ကိုထည့်သွင်းခဲ့ပါတယ်။ FaceTime ခေါ်နေချိန်မှာ ဗီဒီယိုကြည့်နိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ YouTube app ကတော့ PiP မထောက်ပံ့ထားပါဘူး။ Safari မှာ YouTube ကို full screen ကြည့်နေရင်း PiP ထောက်ပံ့ထားပါတယ်။ Settings > General > Picture in Picture အတိုင်း PiP ဖွင့်နိုင်ပါတယ်။

FaceTime ထဲမှာ Fake eye contact ထည့်သွင်းနည်း

FaceTime ရဲ့ eye contact လုပ်ဆောင်ချက်ကတော့ မနှစ်က iOS 13 beta မှာပါဝင်ခဲ့ဖူးပါတယ်။ အခု iOS 14 မှာပြန်လည် ပါဝင်လာပါတယ်။

Settings > FaceTime > Eye Contactထဲမှာ ဖွင့်လို့ရပါတယ်။

ဖုန်းထဲက trigger action တွေဖွင့်နည်း

iOS 14 မှာ accessibility လုပ်ဆောင်ချက်အသစ်တစ်ခုဖြစ်တဲ့ Back Tap ပါဝင်ပြီး multitasking ဒါမှမဟုတ် Control Center လိုမျိုး စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ iPhone မှာ back နှစ်ချက် ဒါမှမဟုတ် သုံးချက်နှိပ်လိုက်ရင် Shortcut လည်းဖန်တီးနိုင်ပါတယ်။ Settings > Accessibility > Touch> Back Tap ထဲကနေ tap ဘယ်နှချက် အသုံးပြုမလဲ ဆိုတာ ရွေးနိုင်ပါတယ်။

Apple Pencil နဲ့ Scribble အသုံးပြုနည်း

iPad မှာ Scribble အမည်ရ လုပ်ဆောင်ချက်အသစ် ပါဝင်လာပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကတော့ Apple Pencil အသုံးပြုပြီး box ထဲရေးလိုက်တဲ့ စာတွေကို text အဖြစ် အလိုအလျောက် ပြောင်းပေးပါတယ်။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««