iOS နဲ့ iPadOS 13.6.1 ကို Apple ဖြန့်ချိ

Apple ဟာ Car key နဲ့ Apple News+ အသံထွက်သတင်းတွေပါဝင်တဲ့ iOS 13.6 update ဖြန့်ချိအပြီး တစ်လအကြာမှာ အားနည်းချက်အနည်းငယ် ပြင်ထားတဲ့ iOS နဲ့ iPadOS 13.6.1 ကိုဖြန့်ချိလိုက်ပါတယ်။

iOS နဲ့ iPadOS 13.6.1 ကိုတော့ Settings ကနေတစ်ဆင့် သင့်တော်တဲ့ ထုတ်ကုန်အားလုံးအတွက် ဖြန့်ချိလိုက်ပါတယ်။ Update ရမရသိချင်ရင်တော့ Settings> General > Software Update မှာကြည့်နိုင်ပါတယ်။

iOS 13.6.1 မှာတော့ storage နည်းပါးနေချိန်မှာ မလိုအပ်တဲ့ system အချက်အလက်ဖိုင်တွေကို အလိုအ​လျောက် မဖျက်စေဖို့ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် iPhone မျက်နှာပြင်တချို့မှာ အစိမ်းရောင်သန်းတဲ့ thermal စီမံခန့်ခွဲမှု ပြဿနာကိုလည်း ဖြေရှင်းထားပါတယ်။ တချို့သုံးစွဲသူအတွက် Exposure Notification ပြုတ်သွားတဲ့ အားနည်းချက်ကိုလည်း ပြင်ဆင်ထားပါတယ်။

iOS 13.6.1 ဟာ iOS 13 ရဲ့နောက်ဆုံး update ဖြစ်လာနိုင်ပါတယ်။ Apple အနေနဲ့ ဒီနှစ်ကုန်ပိုင်းမှာ iOS 14 ကို ကူးပြောင်းဖို့ အဆက်မပြတ် ဆောင်ရွက်နေပါတယ်။

-စိုးထက်
Ref: MacRumors