iOS နဲ့ Android အတွက် Gmail မှာ Meet ပါဝင်လာမယ်

Google ဟာ Android နဲ့ iOS အတွက် Gmail app မှာ Meet ဗီဒီယိုခေါ်ဆိုမှု ထည့်သွင်းမယ်လို့ သိရပါတယ်။ လာမယ့်အပတ်အတွင်း Gmail မိုဘိုင်းသုံးစွဲသူတွေက app အတွင်း Meet tab ကို မြင်ရပါမယ်။ သုံးစွဲသူတွေက လာမယ့်အစည်းအဝေးအတွက် အချိန်စာရင်းတွကို မြင်ရပြီး call တွေကို start ဒါမှမဟုတ် join လုပ်နိုင်ပါတယ်။

အခုအစီအစဉ်က Google ရဲ့ Meet တိုးချဲ့မှု အစီအစဉ် အစိတ်အပိုင်းတစ်ခု ရှိပါတယ်။ ပြီးခဲ့တဲ့လက Google ဟာ Gmail account ရှိသူတိုင်း Meet ကိုအသုံးပြုနိုင်မယ်လို့ ကြေညာခဲ့ပြီး ဝက်ဘ်ဆိုက်ပေါ်က Google Calendar ဒါမှမဟုတ် Gmail တစ်ဆင့် Google Meet ကို အလွယ်တကူ သုံးနိုင်ပါတယ်။ အခုဖြန့်ချိလိုက်တဲ့ update ကြောင့် ဖုန်းကနေ အစည်းအဝေးကို အလွယ်တကူ တက်နိုင်ပါမယ်။ မကြာသေးခင်ကလည်း ဗီဒီယိုကွန်ဖရင့်အတွက် Gooogle Meet စာမျက်နှာဖွဲ့စည်းပုံအသစ်ကိုလည်း ဖြန့်ချိထားပါတယ်။

-စိုးထက်
Ref: Engadget